
မနေ့က ယှဉ်ပြိုင် တဲ့ စပိန် ထိပ်သီး ကလပ် ဘာစီလိုနာနဲ့ အီတလီ ကလပ် ဂျူဗင်တပ် တို့ရဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ တဘက်နဲ့ တဘက် ဂိုးမသွင်း နိုင်ပဲ ဂိုးမရှိ သရေ ကျသွား ပါတယ်။
ပထမအကျော့ အီတလီမှာ ယှဉ်ပြိုင်ခဲ့တုန်းက ဂျူဗင်တပ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ နှစ်ကေျာ့ပေါင်းရလဒ်နဲ့ နိုင်ပြီး ဂျူဗင်တပ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ဘာစီလိုနာဟာ ပထမအကျော့က ရှုံးနိမ့်ခဲ့တဲ့အတွက် ဒီပွဲမှာ မက်ဆီ၊ ဆွာရက်၊ နေမာ တိုက်စစ်အတွဲနဲ့ လူစုံထုတ် ယှဉ်ပြိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန် သွင်းခွင့် အသာရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။
ဘာစီလိုနာရဲ့ တိုက်စစ်ဆင်မှုတွေကို ဂျူဗီနောက်တန်းနဲ့ ဂိုးသမား ဘတ်ဖွန်တို့ အကောင်းဆုံး တားဆီးကာကွယ်နိုင်ခဲ့တဲ့အတွက်လည်း ဘာစီလိုနာရဲ့ ချန်ပီယံလိဂ် အိပ်မက်တွေ အဆုံးသတ်ခဲ့ရပါတယ်။
ဘာစီလိုနာတိုက်စစ်ကို အကောင်းဆုံးဟန့်တား ခြေစွမ်းပြခဲ့တဲ့ ဂျူဗီနောက်တန်းကစားသမား ချီယယ်လီနီကို ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/202075





No comments:
Post a Comment