မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, April 20, 2017

ဒေါ့မွန်ကို ဂိုးပြတ် အနိုင်ယူပြီး မိုနာကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်




ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် ပြင်သစ် ကလပ် မိုနာကိုနဲ့ ဂျာမန် ကလပ် ဒေါ့မွန်တို့ မနေ့ညက ယှဉ်ပြိုင်ရာ အိမ်ရှင် မိုနာကိုက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒီနှစ်သင်း ပထမ အကျော့ ဒေါ့မွန် ကွင်းမှာ ယှဉ်ပြိုင် စဉ်ကလည်း မိုနာကို ကပဲ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ ခဲ့လို့ နှစ်ကျော့ပေါင်း ၆ ဂိုး ၃ ဂိုးနဲ့ နိုင်ပြီး မိုနာကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက် သွားခဲ့တာပါ။

ဒီပွဲမှာ ဒေါ့မွန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ မိုနာကိုက အနည်းငယ် အသာစီးယူနိုင်ခဲ့ပါတယ်။

မိုနာကိုအတွက် အနိုင်ဂိုးတွေကို ပွဲအစ ၃ မိနစ်မှာ Mbappe၊ ၁၇ မိနစ်မှာ ဖယ်လ်ကာအိုနဲ့ ၈၁ မိနစ်မှာ ဂျာမိန်းတို့က သွင်းယူပေးခဲ့ပါတယ်။

ဒေါ့မွန်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၄၈ မိနစ်မှာ မာကိုရူးစ်က သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲအနိုင်ရတဲ့အတွက် မိုနာကိုအသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တာလည်း ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/202072

No comments:

Post a Comment