Friday, August 5, 2016
ဟဲဗီးဝိတ် ချန်ပီယံ တိုင်ဆန်ဖူရီ တားမြစ်ဆေး သုံးစွဲခဲ့ကြောင်း စွပ်စွဲ ခံထားရ
ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ ဗြိတိန် လက်ဝှေ့ကျော် တိုင်ဆန် ဖူရီသည် ယူကရိန်း လက်ဝှေ့ ချန်ပီယံ ဝလာဒီမာ ကလစ်ခ်ျကိုအား အနိုင် ရရှိခဲ့သည့် ပွဲစဉ်တွင် တားမြစ်ဆေး သုံးစွဲမှုများ ပြုလုပ် ခဲ့ကြောင်း သတင်းများ ထွက် ပေါ် လာခဲ့ ပြီးနောက် လက်ဝှေ့ ချန်ပီယံ နှစ်ဦးစလုံး အနေဖြင့် တားမြစ်ဆေးသုံးစွဲ မှုများရှိခဲ့ကြောင်း သိရသည်။
ဗြိတိန် တားမြစ်ဆေး ထိန်းချုပ် ရေး အဖွဲ့၏ သတင်း ထုတ်ပြန် ချက်တွင် လက်ဝှေ့ ချန်ပီယံများ အနေဖြင့် ကမ္ဘာ့ ချန်ပီယံ အဖြစ် ရပ်တည်နိုင်ရေး အတွက် လေ့ကျင့် မှုများ ပြုလုပ် ရာ၌ ဆေးဝါး တချို့အား အသုံးပြု ခဲ့ကြ ကြောင်း ဖော်ပြ ခဲ့ကြပြီး တိုင်ဆန်ဖူရီ နှင့်ကလစ်ခ်ျကိုတို့၏ ဆီးနမူနာ များတွင်လည်း တားမြစ်ဆေး အချို့သုံး စွဲခဲ့သည့် လက္ခဏာများ တွေ့ရှိထား ကြောင်း သတင်း ထုတ်ပြန် ခဲ့သည်။
ယင်းအခြေအနေများကြောင့် တိုင်ဆန်ဖူရီအနေဖြင့် ချန်ပီယံဆု ရုပ်သိမ်းခြင်းနှင့်အတူ ပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံရဖွယ်ရှိနေပြီး ၎င်း၏တူတော်စပ်သူအပြင် အကူလူများပါ အရေးယူခံရဖွယ်ရှိနေသည်။ သို့သော်တိုင်ဆန်ဖူရီအနေဖြင့်အမြင့်ဆုံးအားကစားခုံရုံးသို့ အယူ ခံတင် သွင်းဖွယ်ရှိနေကြောင်းလည်းသိရသည်။
WKM
Yangon Media Group
Originally published at - https://www.facebook.com/YangonMediaGroup
Labels:
လက်ဝှေ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment