မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, August 5, 2016

ချက်ရှိုင်းယား ဒေသမှာရှိတဲ့ အီဗရာဟီမိုဗစ်ရဲ့ အိမ်သစ်




မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား တစ်ယောက် ဖြစ်လာ ခဲ့ပြီး တဲ့နောက် အီဗရာဟီ မိုဗစ် အတွက် လိုအပ်ချက် တစ်ခုကတော့ နေအိမ် တစ်လုံး ရှာတွေ့ ဖို့ပါပဲ။

မန်ချက်စတာ မြို့ကို ရောက်ရှိ ခဲ့တဲ့ အစောပိုင်း နေ့ရက်တွေ အတွက် ဟိုတယ် တစ်ခုမှာ ကုန်ဆုံး ခဲ့ရတဲ့ အီဗရာဟီ မိုဗစ်ဟာ လက်ရှိ အချိန်မှာတော့ နေအိမ် တစ်လုံးကို ငှားရမ်း နေထိုင်နိုင် ခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာမြို့ ကနေ မိနစ် ၅၀ နီးပါး ကားမောင်းရတဲ့ ချက်ရှိုင်းယား ဒေသမှာ တစ်လကို ပေါင် ၁၆၅၀၀ ပေးရတဲ့ အိမ်တစ်လုံးကို အီဗရာဟီ မိုဗစ်က သူနဲ့ မိသားစု နေထိုင်ဖို့ ငှားရမ်း ခဲ့တာ ဖြစ်ပါတယ်။

အိပ်ခန်း (၆) ခန်း၊ အိမ်တွင်း ရေကူးကန် တစ်ခုနဲ့ အရက်ဘား တစ်ခု ပါဝင်တဲ့ အဲဒီ နေအိမ်ဟာ မိုဗစ်နဲ့ သူ့ရဲ့ မိသားစု အတွက် အဆင်အပြေဆုံး ဖြစ်ခဲ့ ပါတယ်။

Ref:The Sun

Originally published at - https://www.facebook.com/thevoicemyanmar.mm

No comments:

Post a Comment