မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, August 5, 2016

ဥရောပအကောင်းဆုံးဆု နောက်ဆုံးဆန်ခါတင် သုံးဦး ဘေးလ်၊ ရော်နယ်ဒိုနှင့် ဂရစ်ဇ်မန်းတို့ ရွေးချယ်ခံရ




ဇူးရစ် − ယူအီး အက်ဖ်အေ၏ ဥရောပ အကောင်းဆုံး aဘာလုံး သမားဆု အတွက် ထိပ်တန်း ကစားသမား သုံးဦးကို ဆန်ခါတင် ရွေးချယ် ထားရာတွင် ရော်နယ်ဒို၊ ဂါရတ်ဘေးလ်နှင့် ဂရစ်ဇ်မန်းတို့ ပါဝင်ပြီး မက်ဆီမှာ ယင်းစာရင်းတွင် ပါဝင် လာခြင်း မရှိပေ။

မက်ဆီသည် ယင်းဆု အတွက် လျာထားသော ကစားသမား ၁၀ ဦးစာရင်းတွင် နံပါတ် (၅) နေရာ ၌သာရှိပြီး ၎င်း၏ဘာစီလိုနာ အသင်းဖော် ဆွာရက်ဇ်က နံပါတ် (၄) နေရာ ရထားသည်။

ရီးရဲလ် အသင်းကို (၁၁) ကြိမ် မြောက် ချန်ပီယံလိဂ် ချန်ပီယံဖြစ် ရန် ၂၀၁၅-၁၆ ရာသီက ကူညီ ပေး ခဲ့ပြီး ပေါ်တူဂီအသင်းနှင့် အတူ ယူရို ၂၀၁၆ ချန်ပီယံဆု ရရှိသော ရော်နယ်ဒိုသည် ယင်းဆု အတွက် ရေပန်းစားနေသည်။

ထိုအတောအတွင်း ဂါရတ် ဘေးလ်သည် ရီးရဲလ်နှင့်အတူ ချန်ပီယံလိဂ်ဆု ရခဲ့ပြီး ဝေးလ်စ်အ သင်းကို ယူရို ၂၀၁၆ ဆီမီးဖိုင်နယ်သို့ရောက်ရှိအောင် ကူညီနိုင်ခဲ့သောကြောင့် ဥရောပ အကောင်းဆုံး ကစားသမားဆုအတွက် အလားအလာကောင်းနေသည်။

ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ် မန်းသည် အက်သလက်တီကိုနှင့် အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ယူရို ၂၀၁၆ ဗိုလ်လုပွဲ တွင် ပြင်သစ်နှင့်အတူ ပေါ်တူဂီကို ရှုံးနိမ့်ခဲ့သည်။ သို့သော်၎င်းသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ခြောက်ဂိုး အထိ သွင်းယူပြီး ဂိုးသွင်းဘုရင် ဖြစ်ခဲ့သည်။

ယမန်နှစ်က မက်ဆီရရှိခဲ့ သည့် ဥရောပ အကောင်းဆုံး ဘောလုံးသမားဆုကို ယူအီး အက်ဖ်အေ အဖွဲ့ဝင်နိုင်ငံများမှ ဂျာနယ်လစ်များက ရွေးချယ်မည် ဖြစ်သည်။

ယင်းဆုအတွက် လျာထား သော ကနဦးစာရင်းတွင် ဘူဖွန်၊ တိုနီခရုစ်၊ မူလာ၊ နျူအာနှင့် ပီပီ တို့လည်း ပါဝင်ခဲ့သည်။

ဆုရရှိသူအမည်ကို သြဂုတ် ၂၅ ရက်တွင် ကြေညာမည်ဖြစ် သည်။

—Ref:Goal

Originally published at - http://www.7daydaily.com/story/72123

No comments:

Post a Comment