မီလန်− အေစီမီလန် ဘောလုံး အသင်းသည် ၎င်း ပိုင်ဆိုင် သမျှ ဝေစုအားလုံးကို ရင်းနှီးမြှုပ်နှံ သူများထံ ရောင်းချရန် ဘာလူစကိုနီက လက်မှတ် ရေးထိုး လိုက်သည်။
တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ သူများ အုပ်စုနှင့် သဘော တူညီချက်၌ ကလပ် အသင်း၏ တန်ဖိုးကို ဒေါ်လာသန်း ၈၂၀ (ယူရိုသန်း ၇၄၀) သတ်မှတ်ပြီး တရုတ် ရင်းနှီးမြှုပ်နှံ သူများက အသင်း၏တိုးတက်မှုများ အတွက် သုံးနှစ်တာ ကာလတွင် ယူရိုသန်း ၃၅၀ မြှုပ်နှံရန် လိုအပ်သည်ဟု ဘာလူစကိုနီ၏ Fininvest ရင်းနှီးမြှုပ်နှံမှုအဖွဲ့က ပြောသည်။
ဥရောပချန်ပီယံ ခုနစ်ကြိမ် ရရှိခဲ့သော အီတလီ၏ ဂန္ထ၀င် အသင်း အေစီမီလန်ကို ဘာလူစကိုနီက ၉၉ ဒသမ ၉၃ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။
လက်ရှိ ကမ္ဘာ့ ထိပ်တန်း ကလပ်များနှင့် ယှဉ်ပြိုင်ရန် လိုအပ်သော ဘဏ္ဍာရေးအရင်းအမြစ်၊ သင့်တင့်လျောက်ပတ်သော ပိုင်ဆိုင်မှု ဖွဲ့စည်းပုံ ဖြစ်ပေါ်ရန် ရည်မှန်း၍ ဘာလူစကိုနီက အသင်း ရောင်းချရေး ဆွေးနွေး ညှိနှိုင်း ခဲ့သည်ဟု Fininvest အဖွဲ့က ပြောသည်။
အေစီမီလန်သည် စီးရီးအေ သမိုင်းတွင် အအောင်မြင်ဆုံး အသင်းဖြစ်ကာ ယမန်နှစ်က နံပါတ် (၇) နေရာ ရရှိခဲ့သည်။ တရုတ် ရင်းနှီးမြှုပ်နှံသူများက SinoEurope Sports Investment Management Chang-xing Co.Ltd မှတစ်ဆင့် လုပ်ကိုင်ကြောင်း သိရသည်။
—Ref:AP
7day daily
Originally published at - http://www.7daydaily.com/story/72122
No comments:
Post a Comment