Friday, August 5, 2016
ချန်ပီယံမဖြစ်၍ မြန်မာအမျိုးသမီး အသင်းခေါင်းဆောင် ပရိသတ်ကို တောင်းပန်
အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲမှာ ပရိသတ် တွေရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်း ပေးနိုင် ခဲ့လို့ တောင်းပန် လိုတယ်လို့ မြန်မာ အသင်း ခေါင်းဆောင်က
ပြောပါတယ်။
အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင် ကစား ခဲ့ပေမယ့် မျှော်လင့် ထားသလို ချန်ပီယံ မဖြစ်ခဲ့လို့ ပရိသတ်တွေကို တောင်းပန် တယ်လို့ မြန်မာ အသင်းခေါင်းဆောင် ခင်မာလာထွန်းက ပြောကြား လိုက်တာပါ။
“ဒီပြိုင်ပွဲ စပြိုင်ကတည်းက အကောင်းဆုံး ယှဉ်ပြိုင် ခဲ့တယ်။ သြစတြေးလျ တို့ ဗီယက်နမ်တို့ ပွဲတွေမှာ တဖြည်းဖြည်းနဲ့ ကစားပုံ ကောင်းအောင် ကစားနိုင် ခဲ့တယ်။
ဆီမီးဖိုင်နယ် မှာလည်း ပထမပိုင်းမှာ အကောင်းဆုံး မကစားနိုင် ခဲ့ပေမယ့် ဒုတိယ ပိုင်းမှာ အကောင်းဆုံး ကစားပြီး အနိုင်ရ ခဲ့တဲ့ အထိ ကစားနိုင် ခဲ့တယ်။
ဒါပေမယ့် မျှော်မှန်းသလို ဖြစ်မလာခဲ့ဘူး။ ကျနော်ကိုယ်တိုင်လည်း ပင်နယ်တီလွဲခဲ့တယ်။ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ မျှော်လင့် ချက်ကို ဖြည့်ဆည်း မပေးနိုင် ခဲ့တဲ့ အတွက် ပရိသတ်တွေကို တောင်းပန် ပါတယ်။”
ချန်ပီယံဖြစ်ဖို့ ကြိုးစား ခဲ့ပေမယ့် ပင်နယ်တီမှာ ကံမကောင်းခဲ့လို့ စိတ်မကောင်း ဖြစ်မိတယ် လို့လည်း မြန်မာ ကစားသမား တဦးဖြစ်တဲ့ ၀င်းသိင်္ဂီထွန်းက ပြောပါတယ်။
“ကျနော်တို့ ကတော့ ချန်ပီယံ ရအောင် ကြိုးစား ခဲ့တာပဲ။ ပွဲချိန် အတွင်းမှာ မရှုံးအောင် ကစားနိုင် ခဲ့တယ်။ ဒါပေမယ့် ပယ်နယ်တီကန်တဲ့ အချိန်မှာလည်း တကယ် စိတ်ထည့်ပြီး ကန်ခဲ့ တာပဲ။ သေသေချာချာ ကံခဲ့တယ်။ ကံတရားကြောင့် အနိုင်မရခဲ့ဘူး။ ပယ်နယ်တီမှာ ရှုံးခဲ့လို့ ကျနော်တို့အားလုံး တကယ်စိတ်မကောင်းဘူး။
ပရိသတ်တွေအတွက်လည်း စိတ်မကောင်းဘူး။ ကျနော်တို့တသင်းလုံးအတွက်လည်း စိတ်မကောင်းဘူး။ အမြဲတမ်း ပြန်တွေးတိုင်း အရမ်းခံစားနေရတယ်။ ကျနော်တို့က ဗိုလ်လုပွဲပဲ ကန်ချင်ခဲ့တာပါ။ ပရိသတ်တွေကို တောင်းပန်ပါတယ်။”
အသင်းနည်းပြ ရော်ဂျာရိုင်နာကတော့ ချန်ပီယံမဖြစ်ခဲ့ပေမယ့် အသင်းမှာ ထူးချွန်တဲ့ ကစားသမားကောင်းတွေရှိလို့ အနာဂတ်မှာ ပိုမိုးတိုးတက် လာလိမ့် မယ်လို့ ပြောပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ချန်ပီယံမဖြစ်ခဲ့ပေမယ့် တတိယ လုပွဲမှာတော့ သြစတြေးလျ ယူ ၂၀ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ ခဲ့ပါတယ်။
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဟာ စာချုပ် သက်တမ်း ကုန်ဆုံး ခဲ့တဲ့ နည်းပြ ရော်ဂျာရိုင်နာကို သက်တမ်းတိုးဖို့ စီစဉ်နေပြီး လာမယ့် မလေးရှား ဆီးဂိမ်းအထိ တာဝန်ပေးဖို့ ရှိပါတယ်။
သတင်း – လွှမ်းမိုးအောင်
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162288
Subscribe to:
Post Comments (Atom)
No comments:
Post a Comment