Thursday, August 4, 2016
မြန်မာအမျိုးသမီးအသင်းကို ဆက်လက်ကိုင်တွယ်လိုဟု နည်းပြ ရော်ဂျာရိုင်နာ ပြော
စာချုပ် သက်တမ်း ကုန်ဆုံး တော့မှာ ဖြစ်ပေမယ့် မြန်မာ အမျိုးသမီး အသင်းကို ဆက်လက် ကိုင်တွယ် လိုတယ်လို့ နည်းပြ ရော်ဂျာရိုင်နာက ပြောပါတယ်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဟာ နယ်သာလန် နည်းပြဟောင်း ရော်ဂျာရိုင်နာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအတွင်းက ၆ လစာချုပ်နဲ့ ခန့်အပ် ခဲ့တာဖြစ်ပြီး လာမယ့် သြဂုတ် ၁၂ ရက်မှာ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
မြန်မာအသင်းမှာ အလားအလာ ရှိတဲ့ ကစာသမား ကောင်းတွေ ရှိပြီး မြန်မာ အသင်းနဲ့ အတူ အလုပ် လုပ်ရတာကို နှစ်သက်တဲ့ အတွက် ဆက်လက် ကိုင်တွယ် လိုတယ်လို့ မြန်မာနည်းပြက ပြောလိုက် တာပါ။
ဒါပေမယ့် ဆွေးနွေးမှုတွေ ဆက်လုပ် သွားရဦးမှာ ဖြစ်ပြီး ဘယ်လို ဆက်ဖြစ် မလဲဆိုတာ မသိသေးတဲ့ အကြောင်းလည်း ရော်ဂျာရိုင်နာက ဆက်ပြော ပါတယ်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဟာ ရော်ဂျာရိုင်နာကို စတင် ခန့်အပ်စဉ် ကတည်းက နှစ်ရှည် စာချုပ် ချုပ်လိုပေမယ့် နည်းပြ ကိုယ်တိုင်က ၆ လ စာချုပ်ပဲ ချုပ်ဆိုပြီး ကြိက်နှစ်သက်မှ သာ စာချုပ် သက်တမ်း တိုးဖို့ ပြောဆို ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162254
Subscribe to:
Post Comments (Atom)
No comments:
Post a Comment