
အောက်တိုဘာ ၁၇ ရက်နေ့ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီး အသင်းက ဘုန်းမောက် အသင်းကို ၅-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိ သွားပါတယ်။
မန်စီးတီးအသင်း အတွက် အနိုင် ဂိုးတွေကို စတာလင် တဦးတည်းက ၇၊ ၂၉ နဲ့ ၄၆ မိနစ်တွေမှာ ၃ ဂိုး သွင်းယူ ခဲ့တာဖြစ်ပြီး ဘိုနီက ၁၁ နဲ့ ၈၉ မိနစ် တွေမှာ ၂ ဂိုးသွင်းယူ ခဲ့တာပါ။
ဘုန်းမောက် အသင်း အတွက် ချေပဂိုးကိုတော့ ပထမပိုင်း ပွဲချိန် ၂၂ မိနစ်မှာ မာရေးက သွင်းယူ ခဲ့တာပါ။
မန်စီးတီးအသင်ဟာ ဒီပွဲအနိုင်ကြောင့် ရမှတ် ၂၁ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နေပြီး ဘုန်းမောက် အသင်းကတော့ ဒီပွဲ အရှုံးကြောင့် အဆင့် ၁၅ ကနေ ၁၇ ကို ဆင်းပေး လိုက်ရပါတယ်။
by : DVB
Original link - http://burmese.dvb.no/archives/117110
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment