
အောက်တိုဘာ ၁၇ ရက်ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်းက အဲစတွန်ဗီလာ အသင်းကို ၂-၀ ဂိုးနဲ့ အနိုင် ရရှိ သွားပါတယ်။
ပရီးမီးယားလိဂ်မှာ ရလဒ် မကောင်းတာကြောင့် ဖိအားတွေ များနေတဲ့ နည်းပြ မော်ရင်ဟိုနဲ့ ကစားသမားတွေ အတွက် ဒီပွဲအနိုင်ကြောင့် စိတ်သက်သာ ရစေခဲ့ ပါတယ်။
ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုးတွေကို ဒီယေဂို ကော်စတာက ၃၄ မိနစ်မှာ ၁ ဂိုးနဲ့ အလန်ဟတ်တွန်က ၅၄ မိနစ်မှာ ၁ ဂိုးသွင်းယူခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ဒီပွဲအနိုင်ရရှိလိုက်တာကြောင့် ပရီးမီးယားလိဂ်ဇယား နံပါတ် အဆင့် ၁၆ ကနေ ၁၁ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အက်စတွန်ဗီလာကတော့ ဇယားအောက်ဆုံး နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။
by : dvb
Original link - http://burmese.dvb.no/archives/117113
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment