
ဂတ်စ်ဆီဇီ
မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် ရာဒီ အီဗရာမိုဗစ်ကို ထုတ်ပယ် လိုက်ပြီး လက်ရှိ မြန်မာ ယူ ၂၀ အသင်း နည်းပြ ဖရိုင်းဒရစ် ဂတ်စ်ဆီဇီနဲ့ အစားထိုး လိုက်ပါတယ်။
ဂျာမန် နည်းပြဟာ မြန်မာလူငယ် အသင်းကို ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ၀င်ခွင့် ရရှိအောင် စွမ်းဆောင် ပေးခဲ့သူ ဖြစ်ပါတယ်။
မြန်မာ့ လက်ရွေးစင် အသင်းကို ဂတ်ဇီစီ နဲ့ အတူ မြန်မာ့ လက်ရွေးစင် ဟောင်းနဲ့ ယူ၂၀ ရဲ့ လက်ထောက် နည်းပြ ဦးကြည်လွင်တို့ ပူးတွဲပြီး ကိုင်တွယ် သွားမယ်လို့ သိရပါတယ်။
မိုဗစ်ခ်ျဟာ မြန်မာ လက်ရွေးစင် အသင်းကို ၂၀၁၄ နှစ်ဆန်း ပိုင်းမှာ စတင် ကိုင်တွယ်ခဲ့ပြိး ပွဲပေါင်း ၂၂ ကြီးကြပ် ခဲ့ရာမှာ နိုင်ပွဲ (၇) ပွဲ၊ သရေ (၄) ပွဲ၊ ရှုံးပွဲ (၁၁) ပွဲ ထွက်ပေါ် ခဲ့တယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရဲ့  ၀က်ဘ်ဆိုက်မှာ ဖော်ပြ ထားပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/117147
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment