မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 18, 2015

စပိန်လာလီဂါ ရီးရဲလ် ၃-၀ လီဗန်တေး (ရုပ်သံဟိုက်လိုက်)




အောက်တိုဘာ ၁၇ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ စပိန် လာလီဂါ ပွဲစဉ်မှာ ရီးရဲလ် မက်ဒရစ်က လီဗန်တေးကို ၃ ဂိုးပြတ် အနိုင် ရရှိသွား ပါတယ်။

ရီးရဲလ် အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ တာဖြစ်ပြီး ပထမ ဂိုးကို ၂၉ မိနစ်မှာ မာဆယ်လိုနဲ့ ရော်နယ်ဒို အပြန်အလှန် အပေးယူ လုပ်ပြီး မာဆယ်လိုက ၁ ဂိုး သွင်းယူ ခဲ့ပါတယ်။

ဒုတိယဂိုး ကိုတော့ ပထမဂိုး သွင်းယူပြီး ၁ မိနစ် အကြာမှာပဲ လီဗန်တေး နောက်ခံလူတွေ အပေးယူ လုပ်ရာ ကနေ ဂျရက်ဘေးလ် ရရှိသွားပြီး ထိုးပေး လိုက်တဲ့ aဘာလုံးကို ရော်နယ်ဒိုက ဂိုးဧရိယာ အစပ်ကနေ ဂိုးသမားရဲ့ထောင့်ကို လှလှပပ ကန်သွင်းယူ ခဲ့ပါတယ်။

နောက်ဆုံးပိတ် ဂိုးကိုတော့ ဂျက်စီက ၈၁ မိနစ်မှာ လီဗန်တေး နောက်ခံလူကို ကျော်ဖြတ်ပြီး သွင်းယူ ခဲ့တာဖြစ် ပါတယ်။

ရီးရဲလ် မက်ဒရစ်ဟာ ဒီပွဲ အနိုင်ကြောင့် ၈ ပွဲကစား ရမှတ် ၁၈ မှတ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး လီဗန်တေး ကတော့ ၈ ပွဲကစား ရမှတ် ၆ မှတ်နဲ့ ဇယားအောက်ဆုံး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။


Original link - http://burmese.dvb.no/archives/117153

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment