မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 2, 2016

ယူရို ၂၀၁၆ မိတ်ဆက် – အစဉ်အလာကြီးတဲ့ ကမ္ဘာ့ချန်ပီယံ ဂျာမနီအသင်း




ဘောလုံး သမိုင်းကြောင်းမှာ အစဉ် အလာ ကြီးမားတဲ့ ဂျာမနီဟာ ကမ္ဘာ့ဖလား ချန်ပီယံဆု ၄ ကြိမ်နဲ့ ယူရို ချန်ပီယံဆု ၃ ကြိမ်ထိ ရထားတဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်သလို ဒီနှစ် ယူရိုပြိုင်ပွဲ မှာလည်း ဗိုလ်စွဲဖို့ ရေးပန်းစားတဲ့ အသင်း တသင်းပါ။

ယူရိုပြိုင်ပွဲ သမိုင်းမှာ တခါသာ ခြေစစ်ပွဲ မအောင် ဖြစ်ခဲ့ပြီး ၁၉၇၂ ခုနှစ်နဲ့ ၁၉၈၀ ပြည့်နှစ်တွေ တုန်းက ထိုစဉ်က အနောက် ဂျာမနီ အသင်း အနေနဲ့ ဗိုလ်စွဲဖူးပြီး ၁၉၉၆ မှာ တတိယ အကြိမ် ဗိုလ်စွဲ ဖူးပါတယ်။

လက်ရှိ ကမ္ဘာ့ ဖလား ချန်ပီယံလည်း ဖြစ်တဲ့ ဂျာမနီဟာ ယူရိုပြိုင်ပွဲ အုပ်စု စီ မှာ ပိုလန်၊ ယူကရိန်း၊ မြောက်ပိုင်း အိုင်ယာလန် အသင်းတွေနဲ့ တအုပ်စုတည်း ကျပါတယ်။ ခြေစစ်ပွဲမှာ တုန်းကလည်း ပိုလန်နဲ့ တွေ့ခဲ့ဖူးပြီး ခြေစွမ်း အကောင်းဆုံး မဟုတ်တဲ့ ကြားက အုပ်စုဗိုလ် နေရာ ကိုတော့ ရယူနိုင် ခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ၂၀၀၀ ခုနှစ်လောက်က ကျဆင်းခဲ့တဲ့ ဘောလုံးအဆင့်အတန်းကို မြှင့်တင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ မူလာ၊ ဂေါ့ဇီ၊ နူအာတို့လို ကစားသမားတွေ မွေး ထုတ်ပေးနိုင် ခဲ့ပြီး ရွှေရောင်မျိုးဆက် တခု ထွက်ပေါ် လာခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိ ဂျာမနီအသင်းဟာ ရှေ့တန်းနဲ့ အလယ်တန်းမှာ တောင့်တင်းပေမယ့် နောက်တန်းမှာတော့ ဘိုင်ယန်နောက်ခံလူ နှစ်ယောက်ဖြစ်တဲ့ ဟမ်းမဲလ်နဲ့ ဘိုတန် တို့ကလွဲရင် အားပျော့နေ ခဲ့ပါတယ်။

ကွင်းလယ်မှာ ရှဝိန်းစတိုင်ဂါ၊ အိုဇေးလ်၊ မူလာ၊ ပိုဒေါလ်စကီး၊ တိုနီခရူးစ်၊ စတဲ့ကစားသမားတွေနဲ့ အတောင့်တင်းဆုံးရှိနေပြီး တိုက်စစ်မှာဆိုလည်း ဂေါ့ဇီ၊ ဂိုးမက်ဇ်တို့လို ကစားသမားတွေ ရှိပါတယ်။

နည်းပြ ဂျိုအာချင်လိုကတော့ သူ့ရဲ့ပုံစံအတိုင်း ဂျာမနီအသင်းရဲ့ ကစားပုံကို အမာကြောဆုံးပုံစံနဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်သွားမယ့်သဘော ရှိနေပါတယ်။ နောက်ပြီး သူကိုင်တွယ်ခဲ့တဲ့ ၁၂၈ ပွဲမှာ နိုင်ပွဲ ၈၅ ပွဲ၊ ၂၃ ပွဲသရေ၊ ပွဲ ၂၀ ရှုံး ရလဒ်ကို ရရှိထားပါတယ်။

ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် နည်းပြရွေးချယ်လိုက်တဲ့ ဂျာမနီလက်ရွေးစင်အသင်း ၂၃ ဦး စာရင်းမှာ တိုက်စစ်မှူး မာကိုရူးစ် ဒဏ်ရာကြောင့် ပါဝင်လာခြင်း မရှိပါဘူး။ ဒါပေမယ့် ဒူးဒဏ်ရာရရှိနေတဲ့ ၀ါရင့် မန်ယူကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါတော့ လက်ရွေးစင် လူစာရင်းမှာ ပါလာပါတယ်။

ဂျာမန်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုအကြို ခြေစမ်းပွဲမှာတော့ ဆလိုဗက်ကီးယားအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။

ဂျာမန်တို့အနေနဲ့ ဒီနှစ်ယူရိုပွဲမှာ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး အုပ်စုနဲ့ ရှုံးထွက်အဆင့်တွေ လွယ်လွယ်ကူကူ တက်ရောက်သွားနိုင်ပေမယ့် ချန်ပီယံဆုရနိုင်ဖို့ကတော့ ဒီထက်ပိုပြီး ကြိုးစားရနိုင်ပါတယ်။

နောက်ဆုံးထုတ်ပြန်လူစာရင်း

ဂိုး- နူအာ(ဘိုင်ရန်)၊ လီနို(လီဗာကူဆန်)၊ စတင်ဂျန်(ဘာစီလိုနာ)

နောက်တန်း- ဘိုတန်(ဘိုင်ရန်)၊ အမ်မရီချန်(လီဗာပူး)၊ ဟက်တာ(ကိုလုံ)၊ ဟိုဝီဒက်စ်(ရှော်လ်ကေး)၊ ဟမ်းမဲလ်စ်(ဒေါ့မွန်)၊ မူစတာဖီ(ဗလန်စီယာ)၊ ရူဒီဂျာ(ရိုးမား)

အလယ်တန်း- ဒရာဇလာ(၀ုဖ်ဘတ်)၊ ခီဒီယာ(ဂျူဗင်တပ်စ်)၊ ကင်မစ်ခ်ျ(ဘိုင်ရန်)၊ ခရူးစ်(ရီးရဲလ်)၊ မူလာ(ဘိုင်ရန်)၊ အိုဇေးလ်(အာဆင်နယ်)၊ ပိုဒေါလ်စကီး(ဂလာတာစာရေး)၊ ရှာရယ်လ်(၀ုဖ်ဘတ်)၊ ရှဝိန်းစတိုင်ဂါ(မန်ယူ)၊ ၀ိုင်ဂလ်(ဒေါ့မွန်း)

ရှေ့တန်း- ဂိုမက်ဇ်(ဘက်ဆီတက်စ်)၊ ဂေါ့ဇီ(ဘိုင်ရန်)၊ လီရိုရီစိန်း(ရှော်လ်ကေး)

အုပ်စုပွဲစဉ်
  1. ဇွန် ၁၃- ဂျာမနီ-ယူကရိန်း
  2. ဇွန် ၁၇- ဂျာမနီ-ပိုလန်
  3. ဇွန် ၂၀- ဂျာမနီ- မြောက်ပိုင်းအိုင်ယာလန်

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/152752

No comments:

Post a Comment