Thursday, June 2, 2016
တောင်ကိုရီးယားကို ဂိုးပြတ် အနိုင်ယူသည့် စပိန်အသင်း (ရုပ်သံဟိုက်လိုက်)
ယူရို ၂၀၁၆ ပြိုင်ပွဲ ၀င်မယ့် လက်ရှိ ချန်ပီယံ စပိန် အသင်းဟာ အာရှ ထိပ်သီး တောင်ကိုရီးယားနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ရာ ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရ သွားပါတယ်။
စပိန်အသင်း အတွက် ပွဲချိန် မိနစ် ၃၀ မှာ ဒေးဗစ် ဆေးလ်ဗား၊ ၃၂ မိနစ်မှာ ဖာဘရီဂတ်စ်၊ ၃၈ မိနစ်နဲ့ ၅၄ မိနစ်တွေမှာ နိုလီတိုနဲ့ ပွဲချိန် မိနစ် ၅၀ နဲ့ ၈၉ မိနစ်တို့မှာ မိုရာတာ တို့က အသီးသီး ဂိုးသွင်း ယူပေး ခဲ့ပါတယ်။
တောင်ကိုရီးယား အတွက် တလုံးတည်းသော အနိုင်ဂိုး ကိုတော့ ၈၃ မိနစ်မှာ ဆီဂျွန်ဂျူးက သွင်းယူပေး ခဲ့ပါတယ်။
၂၀၀၈ နဲ့ ၂၀၁၂ နှစ်ကြိမ်ဆက် ယူရိုချန်ပီယံဖြစ်တဲ့ စပိန်အသင်းဟာ အခု ၂၀၁၆ ပြိုင်ပွဲမှာလည်း အနိုင်ယူပြီး သုံးကြိမ်ဆက် ဗိုလ်စွဲနိုင်တဲ့ အသင်းဖြစ်ဖို့ ပြင်ဆင် ကြိုးစားနေတာပါ။
ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် စပိန်အသင်းဟာ ဂျော်ဂျီယာအသင်းနဲ့ လာမယ့် ဇွန်လ ၇ ရက်နေ့ကျရင် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/152767
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment