
မန်ချက်စတာ စီးတီး အသင်းက ကွင်းလယ် ကစားသမား တဦးဖြစ်တဲ့ ဂန်ဒိုဂန်ကို ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း အတည်ပြု လိုက်ပါတယ်။
အသက် ၂၅ နှ စ်အရွယ် ကွင်းလယ် လူကို ဂျာမန် ကလပ် ဒေါ့မွန် ကနေ ခေါ်ယူ လိုက်တာပါ။
သတင်းတွေ မှာတော့ ပြောင်းရွှေ့ကြေး အတွက် ပေါင်သန်း ၂၀ လောက် ပေးရ လိမ့်မယ် ဆိုပြီး ခန့်မှန်း ထားပါတယ်။
ဂျာမန် ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ဟာ ဒူးဒဏ်ရာအတွက် ခွဲစိတ်ကုသမှု ခံယူထားရပါတယ်။
သူဟာ ဒဏ်ရာကြောင့် လာမယ့် ယူရိုပြိုင်ပွဲနဲ့ လွဲချော်မှာဖြစ်ပေမယ့် လာမယ့် ပရီးမီးယားလိဂ် ရာသီအစမှာတော့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
ဂန်ဒိုဂန်ဟာ ဒေါ့မွန်ကို ၂၀၁၁ မှာ ရောက်ရှိလာပြီး အသင်းကို ၂၀၁၃ မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိရောက်အောင် ကူညီထားပါတယ်။
ဓာတ်ပုံ - Mirror
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/152782





No comments:
Post a Comment