
အင်္ဂလန် အသင်းနဲ့ ပေါ်တူဂီ တို့ရဲ့ ယူရိုပြိုင်ပွဲ အကြို ခြေစမ်းပွဲကို ၀င်ဘလေ ကွင်းကြီးမှာ ဒီနေ့ည ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ခြေစမ်း ပွဲစဉ်မှာ နာမည်ကြီး တိုက်စစ်မှူး ရော်နယ်ဒို ပေါ်တူဂီ အသင်းမှာ ပါဝင် ကစားနိုင်မှာ မဟုတ်သေး ဘူးလို့ နည်းပြ ဆန်းတို့စ်က ပြောပါတယ်။
ရော်နယ်ဒိုဟာ အားလပ်ရက် ခရီးသွားနေတဲ့ အတွက် ကစားနိုင်ခြင်း မရှိသေးပါဘူး။
အင်္ဂလန် အသင်းမှာတော့ ဆောက်သမ်တန် နောက်ခံလူ ဘာတရန်း ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာတဲ့ အနေ အထားမှာ ရှိနေပါတယ်။
အင်္ဂလန်ဟာ မေလထဲမှာ ခြေစမ်းပွဲတွေအဖြစ် တူရကီ၊ သြစတြေးလျတို့ ယှဉ်ပြိုင်ရမှာ ၂ ပွဲစလုံး အနိုင်ရထားပါတယ်။
အင်္ဂလန်ဟာ ယူရိုပြိုင်ပွဲ အုပ်စု ဘီမှာ ဝေးလ်၊ ရုရှား၊ စလိုဗက်ကီးယားတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။
ပေါ်တူဂီကတော့ အုပ်စု အက်ဖ်မှာ သြစတြီးယား၊ ဟန်ဂေရီ၊ အိုက်စလန်တို့နဲ့ တအုပ်စုတည်း ကျနေပါတယ်။
ဓာတ်ပုံ - အင်စတာဂရမ်
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/152804

No comments:
Post a Comment