ဒရင့်ဝါတား။ (ဓာတ်ပုံ - ရိုက်တာ) |
အင်္ဂလန် လက်ရွေးစင် အသင်းက ရွေးချယ် လိုက်တဲ့ ၂၃ ဦး စာရင်းမှာ ကွင်းလယ် ကစားသမား ဒရင့် ၀ါတားကို ချန်ထား ခဲ့တာဟာ မှားယွင်း တယ်လို့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန် ရှီးယားက ပြောပါတယ်။
လက်ဆက် စတာ အသင်း ကွင်းလယ် ကစားသမားဟာ နည်းပြ ဟော့ဆန်က အပြီးသတ် ရွေးချယ်တဲ့ ကစားသမား ၂၃ ဦး စာရင်းကနေ ချန်ထား ခံရသူ ဖြစ်ပါတယ်။
လက်ရွေးစင်အသင်းမှာ ကြံ့ခိုင်မှုအတွက် မေးခွန်းထုတ်စရာ ဖြစ်နေသေးတဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ ၀ီရှိုင်းယား၊ ဟန်ဒါဆန်တို့ကို ရွေးချယ် လိုက်တာဟာ လောင်းကစား လုပ်သလို ဖြစ်နေ တယ်လို့လည်း ရှီးယားက ဝေဖန်ပါတယ်။
ဒရင့် ၀ါတားဟာ အင်္ဂလန်အတွက် ၃ ပွဲ ကစားပေးထားပြီး မတ်လထဲမှာ နယ်သာလန်ကို အနိုင်ရတဲ့ ခြေစမ်းပွဲမှာ ခြေစွမ်းပြ ကစားထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/152815
No comments:
Post a Comment