
တန်းမဆင်း ရဖို့ ရုန်းကန် ရနိုင် တယ်လို့ ဆန်းဒါးလန်း နည်းပြ ဒေးဗစ် မိုယက်က အသင်း ပရိသတ်တွေကို သတိပေး ပြောကြား လိုက်ပါတယ်။
ဆန်းဒါးလန်း အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ရာသီ စလုံး တန်းမဆင်း ရဖို့ အတွက် နောက်ဆုံး အချိန် အထိ ရုန်းကန် ခဲ့ရပြီး ဒီနှစ် ပရီးမီးယားလိဂ် မှာလည်း တန်းမဆင်း ရဖို့ ရုန်းကန် ရတဲ့ အစဉ် အလာကို ပြောင်းလဲဖို့ မလွယ်သေး ဘူးလို့ ပြောဆို လိုက်တာပါ။
မန်ယူနဲ့ အဲဗာတန် နည်းပြဟောင်း ဒေးဗစ် မိုယက်ဟာ ဒီနှစ် ရာသီ မစခင်မှာ ဆန်းဒါးလန်း အသင်းကို စတင် တာဝန်ယူ ကိုင်တွယ် ခဲ့တာဖြစ်ပြီး သူကိုင်တွယ် ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်နှစ်ပွဲ စလုံး ရှုံးပွဲကြုံတွေ့ ခဲ့ပါတယ်။
အသင်းမှာ လူငယ် ကစားသမားတွေ များတဲ့ အတွက် အတွေ့အကြုံ ရှိတဲ့ ကစာသမား ၂ ဦး၊ ၃ ဦးလောက် ၀ယ်ယူ ချင်ပေမယ့် အပြောင်း အရွှေ့ဈေးကွက်မှာ ပြောင်းရွှေ့
ကြေးနဲ့ ခြေစွမ်း ထိုက်တန်တဲ့ ကစားသမား ရှားပါတယ် လို့လည်း မိုယက်က ပြောပါတယ်။
ဆန်းဒါးလန်း အသင်းဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း နည်းပြ အပြောင်း အလဲ ၇ ဦးအထိ ပြုလုပ် ခဲ့ရပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/165048

No comments:
Post a Comment