
ဝက်စ်ဟမ်း တိုက်စစ်မှူး အင်ဒီ ကာရိုးလ်ဟာ ဒူးဒဏ်ရာကြောင့် ၄ ပတ် ကနေ ၆ ပတ် အထိ အနားယူ ရတော့မှာဖြစ် တယ်လို့ သိရပါတယ်။
အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း အင်ဒီကာရိုးလ်ဟာ ရိုမေးနီးယားက လပ် အက်စ်ထရာနဲ့ ၁ ဂိုးစီ သရေကျ ခဲ့တဲ့ ယူရိုပါလိဂ် ပလေးအော့ဖ် ပထမ အကျော့ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့ တာပါ။
ကာရိုးလ် ဒဏ်ရာရသွားတဲ့ အတွက် အသင်းအတွက်ရော သူ့အတွက်ပါ ၀မ်းနည်းရကြောင်းနဲ့ သူပွဲထွက် ပါဝင်ကစားခြင်း မရှိတာဟာ အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမူ ဖြစ်တယ်လို့ ၀က်စ်ဟမ်း နည်းပြ ဘီလစ်က ဆိုပါတယ်။
ဝက်စ်ဟမ်းအသင်းမှာ ပြီးခဲ့တဲ့တပတ်ကလည်း ဆွမ်ဆီးကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ အန်ဒရီအာယူးကလည်း ပေါင်ခြံဒဏ်ရာကြောင့် ၄ လ အနားယူရမှာဖြစ်လို့ တိုက်စစ်ပိုင်း အခက်တွေ့ဖွယ် ရှိနေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/165054

No comments:
Post a Comment