
မေလ ၁၅ ရက်က ယှဉ်ပြိုင် ကစား ခဲ့တဲ့ ရောမ မာစတာ ပြိုင်ပွဲမှာ ဆီဒင်၁ ရရှိ ထားတဲ့ ကမ္ဘာ့ အဆင့်တစ် တင်းနစ် ကစားသမား နိုဗက် ဂျိုကိုဗစ် က ဆီဒင်၆ ရရှိ ထားတဲ့ ဂျပန်တင်းနစ် ကစားသမား ခဲအိ နီရှိကိုရီ ကို ၂-၆ ၆-၄ ၇-၆ နဲ့ စိတ် လှုပ်ရှား ဖွယ်ရာ အနိုင် ရရှိပြီး ဗိုလ်လုပွဲ အဆင့်ကို တက်ရောက်နိုင် ခဲ့တယ်လို့ AFP သတင်းအရ သိရပါတယ်။
ဂျိုကိုဗစ် ဟာ အဲဒီပွဲစဉ်မှာ ဘယ်ဘက်ခြေချင်း ၀တ်ကို မတော်တဆ ထိခိုက်မိ ခဲ့ပေမယ့် အကောင်းဆုံး ကြိုးစား ကစားပြီး အနိုင် ရလဒ်ကို ဖော်ဆောင်နိုင် ခဲ့ပါတယ်။
ဂျပန်တင်းနစ် ကစားသမား နီရှိကိုရီ ဟာ မက်ဒရစ်ပြိုင်ပွဲ တုန်းကလည်း ဆီမီးဖိုင်နယ် အဆင့်မှာ ဂျိုကိုဗစ် ကို ရှုံးနိမ့် ခဲ့တာ ဖြစ်ပါတယ်။
Eleven Burma
Original link - https://www.youtube.com/channel/UCzoPb9sKVAHd-pIzv9RGGRA






No comments:
Post a Comment