မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 16, 2016

ဂျရူး ဟက်ထရစ်သွင်းပြီး အက်စ်တွန်ဗီလာကို ဂိုးပြတ်နိုင်သည့် အာဆင်နယ် (ရုပ်သံဟိုက်လိုက်)




ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ အက်စ်တွန် ဗီလာတို့ မေလ ၁၅ ရက်ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က တိုက်စစ်မှူး ဂျရူးရဲ့ ဟက်ထရစ်ဂိုး အပါ အ၀င် ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

အာဆင်နယ်ဟာ ဒီပွဲအနိုင်ရတဲ့ အတွက် ရမှတ် ၇၁ မှတ်နဲ့ အမှတ်ပေး ဇယား ဒုတိယနေရာ ရရှိခဲ့ ပါတယ်။

မေလ ၁၅ ရက်ညက တချိန်တည်း ကန်တဲ့ ဆွမ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ပွဲစဉ်မှာ စပါးက ဆွမ်ဆီးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ အတွက်လည်း အာဆင်နယ်အသင်း အဆင့် ၂ နေရာကို တက်လှမ်းနိုင် ခဲ့တာ ဖြစ်ပါတယ်။

ပွဲအစ ၅ မိနစ်မှာပဲ အာဆင်နယ်အတွက် တိုက်စစ်မှူး ဂျရူးက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာပါ။

အာဆယ်နယ်ဟာ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းအထိ အသာစီး ရယူနိုင်သလို ဂိုးကန်သွင်းခွင့်တွေမှာလည်း အပြတ်အသာစီး ရခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်နဲ့ မိနစ် ၈၀ တွေမှ ဂျရူးကပဲ အာဆင်နယ်အတွက် ၂ ဂိုး ဆက်တိုက် သွင်းယူပေးခဲ့သလို သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ဗီလာကစားသမားတဦး ကိုယ့်ဂိုးကိုယ် သွင်းခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ်က ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/149928

No comments:

Post a Comment