မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 16, 2016

တန်းဆင်းသွားသော်လည်း ဂုဏ်သိက္ခာ အတွက် စပါးကို အနိုင်ယူသည့် နယူးကာဆယ် (ရုပ်သံဟိုက်လိုက်)




ပရီးမီးယားလိဂ် ရာသီပိတ် နောက်ဆုံး ပွဲစဉ် အဖြစ် နယူးကာဆယ်နဲ့ တော့တင်ဟမ် ဟော့စပါးတို့ မေလ ၁၅ ရက်ညက ယှဉ်ပြိုင်ရာ နယူး ကာဆယ်က ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရ သွားပါတယ်။

စပါး အသင်းဟာ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်း အထိ အသာစီး ရယူနိုင် ခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကို ဖန်တီးနိုင်ခြင်း မရှိခဲ့လို့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ ရတာပါ။

နယူးကာဆယ်အတွက် ဂိုးတွေကို ပွဲချိန် ၁၉ မိနစ်နဲ့ ၇၃ မိနစ်တွေမှာ ၀စ်ခ်ျနာလ်ဒမ်၊ ၃၉ မိနစ်မှာ မီထရိုဗစ်ခ်ျ၊ ၈၅ မိနစ်မှာ အေရွန်နဲ့ ၈၆ မိနစ်မှာ ဂျန်မတ်တို့က သွင်းယူပေးခဲ့ပါတယ်။

စပါးအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၆၁ မိနစ်မှာ လာမယ်လာက သွင်းယူပေးခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာ နယူးကာဆယ်အသင်းက တိုက်စစ်မှူး မီထရိုဗစ်ခ်ျ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ကျန်ပွဲချိန်တွေကို ဆယ်ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ရာသီကုန် နောက်ဆုံးပွဲစဉ်အပြီးမှာ နယူးကာဆယ်က ရမှတ် ၃၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်ခဲ့လို့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးကတော့ ရမှတ် ၇၀ နဲ့ အဆင့် ၃ မှာ ရပ်တည်နိုင်ခဲ့လို့ လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/149931

No comments:

Post a Comment