
ပီအက်စ်ဂျီ အသင်းရဲ့ ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အီဗရာ ဟီမိုဗစ် ဟာ မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ် လီဂူး ရာသီပိတ် ပွဲစဉ်မှာ ပြိုင်ဖက် နန့်စ် အသင်း ဘက်ကို နှစ်ဂိုး သွင်းယူပြီး ပီအက်စ်ဂျီ အသင်း အတွက် တစ်ရာသီ အတွင်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန် တစ်ရပ်ကို ရယူနိုင် ခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြ ထားပါတယ်။
အီဗရာဟီမိုဗစ် အနေနဲ့ အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ခဲ့ သလိုနောက် တစ်ပတ်မှာတော့ ပြင်သစ် ရှုံးထွက် ဖလားဗိုလ်လုပွဲ အဖြစ် အဓိကပြိုင်ဖက် မာဆေးလ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
Eleven Burma
Original link - https://www.youtube.com/channel/UCzoPb9sKVAHd-pIzv9RGGRA

No comments:
Post a Comment