မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, June 7, 2016

ကိုပါအမေရိက ပြိုင်ပွဲတွင် နိုင်ငံတော်သီချင်း မှားတီးသဖြင့် တောင်းပန်




အမေရိကန် ပြည်ထောင်စုမှာ ကျင်းပနေတဲ့ ကိုပါ အမေရိက ဖလား ဘောလုံးပြိုင်ပွဲ အဖြစ် ဇွန် ၆ ရက်က မက္ကဆီကိုနဲ့ ဥရုဂွေး ပွဲစဉ်မှာ ဥရုဂွေး အသင်းရဲ့ နိုင်ငံတော် သီချင်းကို မှားယွင်း တီးခတ် ခဲ့ပါတယ်။

ဥရုဂွေးအသင်းက နိုင်ငံတော်သီချင်း သီဆိုရမယ့် အလှည့်မှာတော့ ချီလီနိုင်ငံတော်သီချင်းကို ပွဲစီစဉ်သူတွေက မှားယွင်း တီးခတ်ခဲ့တဲ့အတွက် ဥရုဂွေးကစားသမားတွေ ယောင်တောင်တောင် ဖြစ်ကုန်ပါတယ်။

ပြိုင်ပွဲကျင်းပတဲ့သူတွေက ဥရုဂွေး ပြည်သူတွေကို တောင်းပန်ခဲ့ပြီး လူသားတွေအနေနဲ့ အမှားမကင်းဘူးလို့ ပြောဆိုခဲ့ပါတယ်။

အုပ်စု ဂ က မက္ကဆီကိုနဲ့ ဥရုဂွေးပွဲမှာတော့ မက္ကဆီကိုက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ဒီပွဲအနိုင်ကြောင့် မက္ကဆီကိုအသင်းဟာ အုပ်စု ပထမနေရာကနေ ရပ်တည်နေပြီး ဥရုဂွေးကတော့ စတုတ္ထနေရာက ရပ်တည်နေပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/153584

No comments:

Post a Comment