
ဇွန် ၇ ရက် မနက်ပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါ အမေရိက ပြိုင်ပွဲ အုပ်စု ဃ ပွဲစဉ်မှာတော့ ပနားမားက ဘိုလီးဗီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိသွား ပါတယ်။
ပွဲချိန် ၁၁ မိနစ်မှာ ပါရက်ဇ်က ပနားမား အသင်း အတွက် အဖွင့်ဂိုး သွင်းပြီး ပထမ ပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ခဲ့ပါတယ်။
ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ ဘိုလီးဗီးယားအသင်းက ချေပဂိုး သွင်းယူခဲ့ပါတယ်။
ဒါပေမယ့်လည်း ၈၇ မိနစ်မှာ ပါရက်ဇ်ကပဲ ဒုတိယဂိုး သွင်းယူပြီး အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ပထမပိုင်းပွဲအစမှာ ပနားမားအသင်းက အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဘိုလီးဗီးယားအသင်းကို ဒုက္ခပေးခဲ့ပါတယ်။
ဘိုလီးဗီးယားက ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့်လည်း ပနားမားအသင်းက ဂိုးပေါက်ကန်သွင်းခွင့် အသာစီးရခဲ့ပါတယ်။
နှစ်ဘက်အသင်းကစားပုံ အကြိတ်အနယ်ရှိခဲ့သလို ကစားသမား ၈ ဦးထိ အ၀ါကတ် ပြခံခဲ့ရပါတယ်။
အုပ်စု ဃ မှာတော့ ပနားမားက ၃ မှတ်နဲ့ ပထမနေရာကနေ ဦးဆောင်နေပြီး ဒီအုပ်စုက ချီလီနဲ့ အာဂျင်တီးနားတို့ကတော့ ယှဉ်ပြိုင်ကစားနေဆဲ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/153574





No comments:
Post a Comment