ဓာတ်ပုံ - ရိုက်တာ
အင်္ဂလန်နောက်တန်း သမားဟောင်း အက်ရှ်လေကိုးလ်ဟာ အမေရိကန် မေဂျာလိဂ် ကလပ် အယ်လ်အေ ဂလက်စီကို ပြောင်းရွှေ့ဖို့ သဘော တူညီချက် ရသွား ပါတယ်။
အသက် ၃၅ နှစ် အရွယ် ကိုးလ်ဟာ လက်ရှိ ကစားနေတဲ့ အီတလီ စီးရီးအေ ကလပ် ရိုးမားကနေ ပြောင်းရွှေ့သွားတာပါ။
ကိုးလ်ဟာ အယ်လ်အေ ဂလက်စီအသင်းမှာ အင်္ဂလန်အသင်းဖော်ဟောင်း စတီဗင် ဂျရတ်နဲ့အတူ ကစားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ချဲလ်ဆီး ဘယ်နောက်ခံလူဟောင်းဟာ ၂၀၁၄ မှာ ရိုးမားကို ရောက်ရှိလာပြီး ၁၆ ပွဲ ကစားခွင့် ရထားပါတယ်။
အက်ရှ်လေ ကိုးလ်ဟာ ပရီးမီးယားလိဂ် ကစားသမားဘ၀မှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၇ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား ၁ ကြိမ် ရယူထားပါတယ်။
သူဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက်တော့ ၁၀၇ ပွဲ ကစားပေးထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/131733
No comments:
Post a Comment