စပိန်တိုက်စစ်မှူး ဒေးဗစ် ဗီလာဟာ လာမယ့် ယူရို ၂၀၁၆ ဘောလုံး ပြိုင်ပွဲမှာ ပါဝင် ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောဆို လိုက်ပါတယ်။
တကယ်လို့ စပိန် နည်းပြ ဒဲဘောစကေးက လက်ရွေးစင် အသင်း အတွက် ခေါ်ဖို့ အလိုရှိရင် ခေါ်နိုင် တယ်လို့လည်း ဆိုထား ပါတယ်။
တိုက်စစ်မှူး ဗီလာဟာ အမေရိကန်မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းမှာ ကစားနေပြီး လာမယ့် ဇွန်လမှာ စတင်မယ့် ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားရရေးဟာ အိမ်မက်တခု ဖြစ်တယ်လို့လည်း ပြောထားပါတယ်။
ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဗီလာဟာ စပိန်လက်ရွေးစင်အသင်းအတွက် ၉၇ ပွဲမှာ ၅၉ ဂိုး သွင်းပေးထားပါတယ်။
ဒါ့အပြင် သူဟာ စပိန် အသင်းကို ယူရို ၂၀၀၈ နဲ့ ၂၀၁၀ ကမ္ဘာ့ာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်အောင် အဓိက နေရာကနေ ကူညီနိုင်ခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/131844
No comments:
Post a Comment