
လက်ရှိ ယူရိုချန်ပီယံ နာမည်ကြီး စပိန် အသင်းဟာ ဇွန် ၇ ရက်က ယှဉ်ပြိုင် သွားတဲ့ ယူရို ၂၀၁၆ အကြို ခြေစမ်းပွဲမှာ ဂျော်ဂျီယာ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ မထင်မှတ်ဘဲ ရှုံးနိမ့် သွားပါတယ်။
ဂျောဂျီယာ အတွက် တလုံးတည်းသော အနိုင်ဂိုးကို ၃၉ မိနစ်မှာ သွင်းယူ ပါတယ်။ ဒီပွဲမှာ ဂျော်ဂျီယာ အသင်း ခံစစ် ကစားပုံ ကောင်းလို့ ဂိုးမပေး ရတာ ဖြစ်ပါတယ်။
စပိန်နည်းပြ ဒယ်လ်ဘော့စကေးကတော့ တဘက်ဂိုးဧရိယာရှေ့မှာ ထိထိရောက်ရောက် ထိုးဖောက်မှုတွေ မလုပ်နိုင်ဘူးလို့ ပြောပါတယ်။
အခုခြေစမ်းပွဲဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာကစားဖို့ စပိန်အတွက် နောက်ဆုံးပြင်ဆင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။
ဥရောပချန်ပီယံ ၂ ကြိမ် ဖြစ်ဖူးထားတဲ့ စပိန်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ မတ်လ နောက်ပိုင်းမှာ ရှုံးပွဲမရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။
စပိန်ဟာ ယူရိုပြိုင်ပွဲ အုပ်စု ဃမှာ ပါဝင်ပြီး ချက်၊ တူရကီ၊ ခရိုအေးရှားတို့နဲ့ အုပ်စုကြပ်ထဲမှာ ကျရောက်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/153743





No comments:
Post a Comment