Wednesday, June 8, 2016
ကိုပါအမေရိကပြိုင်ပွဲ အိမ်ရှင် အမေရိကန် ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)
အမေရိကန်ပြည်ထောင်စုမှာ ကစားနေတဲ့ ကိုပါ ဖလားပြိုင်ပွဲ အုပ်စု က ပွဲစဉ် အဖြစ် အမေရိကန်နဲ့ ကော့စတာ ရီကာတို့ ဇွန် ၈ ရက်က ယှဉ်ပြိုင်ရာ အိမ်ရှင် အမေရိကန်က ၄ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိ သွားပါတယ်။
ပထမပိုင်း ၉ မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် ဒမ်ဆေးက အမေရိကန် အတွက် အဖွင့်ဂိုး သွင်းယူ ပါတယ်။
ဒီနောက် ၃၇ မိနစ်မှာ ဂျရတ်မီးဂျုန်း၊ ၄၂ မိနစ်မှာ ဘော်ဘီရှောဝုဒ်တို့က ဒုတိယနဲ့ တတိယဂိုး သွင်းယူပြီး ပထမပိုင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၈၇ မိနစ်မှာတော့ ဂရေဟမ်ဇူစီက စတုတ္ထမြောက်ဂိုးကို သွင်းယူသွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ကော့စတာရီကာက ဘောလုံးပိုင်ဆိုင်မှု အသာစီးရပေမယ့် အမေရိကန်က ဂိုးပေါက်ကန်သွင်းခွင့် အသာစီးရယူနိုင်ပါတယ်။
အမေရိကန်က ပထမပွဲစဉ်မှာ ကိုလံဘီယာကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားသလို ကော့စတာရီကာနဲ့ ပါရာဂွေးတို့က သရေကျထားပါတယ်။
ဒီပွဲအနိုင်ရတဲ့အတွက် အမေရိကန်က ၂ ပွဲကစား၊ ၁ ပွဲနိုင် ၁ ပွဲရှုံးနဲ့ ၃ မှတ်ရရှိထားပါတယ်။ ကိုလံဘီယာနဲ့ ပါရာဂွေးတို့ကလည်း မကြာခင်မှာ ကစားဖို့ ရှိနေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/153749
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment