မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 8, 2016

ဗီလာရီးရဲလ် နောက်ခံလူကို ပေါင် သန်း ၃၀ ဖြင့် မန်ယူ ခေါ်မည်




စပိန် လာလီဂါ ကလပ် ဗီလာ ရီးရဲလ် အသင်း နောက်ခံလူ အဲရစ်ဘေလီကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူမှာ ဖြစ်ပါတယ်။

အိုင်ဗရီကို့စ် လက်ရွေးစင်လည်း ဖြစ်တဲ့ ဘေလီဟာ မန်ယူ နည်းပြ အဖြစ် တာဝန် ယူပြီးနောက် မော်ရင်ဟို ပထမဆုံး ခေါ်ယူမယ့် ကစား သမားလည်း ဖြစ်လာ ပါတယ်။

ဒီသီတင်းပတ် အတွင်းမှာ ဘေလီဟာ ဆေးစစ် ခံယူပြီး ပြောင်းရွှေ့မှု ပေါင် ၃၀ သန်းနဲ့ သဘောတူ ညီခဲ့တာလို့ သတင်းတွေက ရေးပါတယ်။

အသက် ၂၂ နှစ် အရွယ် ဘေလီဟာ လာလီဂါမှာ ပွဲ ၄၀ ပါဝင် ကစားထား ပါတယ်။

ဗီလာရီးရဲလ် ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ဘေလီဟာ အဓိကနေရာကနေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘောလုံးကျွမ်းကျင်သူတွေကတော့ ဘေလီဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားကောင်းသလို ဘောလုံးဖျက်ထုတ်ရာမှာ အားသာပေမယ့် တခါတရံ အန္တရာယ်ရှိတဲ့နေရာမှာ ဆုံးဖြတ်ချက်ချတာ မှားယွင်းပြီး ဖိအားအောက်မှာ မတည်ငြိမ်ဘူးလို့ သုံးသပ်ကြပါတယ်။

ဘေလီဟာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှာ ပေါင် ၄ ဒသမ ၄ သန်းနဲ့ ဗီလာရီးရဲလ်ကို ပြောင်းရွှေ့လာတာ ဖြစ်သလို အိုင်ဗရီကို့စ် ဗိုလ်စွဲတဲ့ အာဖရိကဖလား ပြိုင်ပွဲတိုင်းမှာ ဘေလီက ပါဝင်ကစားခဲ့ပါတယ်။

ပြင်သစ်လိဂ် ပဲရစ်စိန့်ဂျာမိန်းအသင်းက အီဗရာဟီမိုဗစ်ခ်ျဟာ မော်ရင်ဟို ပထမဆုံး ခေါ်ယူမယ့် ကစားသမားအဖြစ် သတင်းပြေးနေပေမယ့် အတည်ပြုချက် မရသေးဘူးလို့ မိုဗစ်ခ်ျက ပြောပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/153761

No comments:

Post a Comment