
အင်္ဂလန် နိုင်ငံရဲ့ ပရော် ဖက်ရှင်နယ် ဘောလုံး သမားများ အဖွဲ့ (ပီအက်ဖ်အေ) က ပေးအပ်မယ့် တနှစ်တာ အကောင်းဆုံး ဘောလုံး သမားဆုနဲ့ အကောင်းဆုံး လူငယ်ဆု အတွက် စပါးစ် အသင်း တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ အဲဗာတန် တိုက်စစ်မှူး လူကာကူတို့ ရေပန်းစားတဲ့ အထဲမှာ ပါဝင် နေပါတယ်။
ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့က ပေးအပ်မယ့် ပဏာမ ဆုစာရင်းမှာ မန်ယူ တိုက်စစ်မှူး အီဗရာအီဗိုဗစ်ခ်ျ၊ အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်၊ ချဲလ်ဆီး တိုက်စစ်မှူး ဟာဇက်နဲ့ ကွင်းလယ်သမား ကန်တီတို့လည်း ပါဝင်နေပါတယ်။
ဒီဆုအတွက် ပီအက်ဖ်အေ အဖွဲ့ဝင်တွေက မဲပေးရွေးချယ်ကြပြီး ဧပြီ ၂၃ ရက်နေ့မှာ ကြေညာသွားမှာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်အတွက် ပီအက်အေဆုကိုတော့ လက်စတာ ကွင်းလယ်သမား မာရက်က ရရှိထားပါတယ်။ မနှစ်က အကောင်းဆုံး လူငယ်ကစားသမားဆုကို စပါးစ်အသင်း ကွင်းလယ်သမား အလီက ရရှိထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/201137

No comments:
Post a Comment