
ဂျုဗင်တပ် အသင်းက ခြေစွမ်းပြ နေတဲ့ တိုက်စစ်မှူး ဒီဘာလားကို စာချုပ်သစ် ထပ်မံ ချုပ်ဆို လိုက်ပါတယ်။
စာချုပ် သစ်ကြောင့် တိုက်စစ်မှူး ဒီဘာလားဟာ ဂျုဗင်တပ်မှာ ၂၀၂၂ အထိ ရှိနေ တော့မှာပါ။
အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်း အတွက် ဒီနှစ်ရာသီမှာ ၁၆ ဂိုး သွင်းယူ ထားပါတယ်။
ခြေစွမ်းပြနေတဲ့အတွက် သူ့ကို ဥရောပ ထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရသူ ဖြစ်ပါတယ်။
အာဂျင်တီးနား တိုက်စစ်မှူး ဒီဘာလားဟာ ပေါင် ၂၃ သန်းနဲ့ ၂၀၁၅ မှာ ပါလာမိုအသင်းကနေ ဂျုဗင်တပ်ကို ရောက်ရှိလာတာပါ။
ဒီဘာလားကတော့ ဂျုဗီအသင်းက ပြီးပြည့်စုံတဲ့ အသင်းဖြစ်ပြီး ဒီအသင်းနဲ့ အောင်မြင်မှုတွေ ရယူနိုင်တယ်လို့ ပြောပါတယ်။
သူဟာ ဂျုဗီကို ရောက်တဲ့ ၂ ရာသီအတွင်း ၈၂ ပွဲမှာ ၃၉ ဂိုး သွင်းယူထားပါတယ်။ ဒါ့အပြင် ကစားဖော်တွေ ဂိုးသွင်းနိုင်အောင် ၁၆ ကြိမ် ကူညီထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/201143

No comments:
Post a Comment