မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 15, 2017

အာဆင်နယ် ထိပ်ဆုံး ၄ သင်းဝင်ရေး စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရ




အာဆင်နယ် အသင်းဟာ ဒီနှစ် ရာသီ အကုန် ထိပ်ဆုံး ၄ သင်း စာရင်းမှာ ၀င်ဖို့ အတွက် စိန်ခေါ် မှုတွေနဲ့ ရင်ဆိုင် နေပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ခရစ်စတယ် ပဲလေ့စ်ကို ၃ ဂိုးပြတ်နဲ့ ရှုံးတဲ့ ပွဲ အပြီးမှာ အာဆင်နယ်ဟာ အမှတ်ပေး ဇယားရဲ့ အဆင့် ၆ နေရာကို ကျဆင်း ခဲ့ပါတယ်။

လက်ကျန်ပွဲ ၈ ပွဲပဲ ကျန်တော့တဲ့ အချိန်မှာ အာဆင်နယ်ဟာ အဆင့် ၄ နေရာက မန်စီးတီးအသင်းနဲ့ ၇ မှတ်အကွာကို ရောက်ရှိသွားပါတယ်။

အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးရဲ့ အနာဂတ်ဟာလည်း မသေချာတဲ့ အနေအထားမှာ ရှိနေပြီး ဒီနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

အာဆင်နယ်ကတော့ နည်းပြကို ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပါတယ်။ အာဆင်နယ်ဟာ ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဆန်းချက်နဲ့ ကွင်းလယ်သမား အိုဇေးတို့နဲ့လည်း စာချုပ်သက်တမ်း မတိုးနိုင်သေးတဲ့ အနေအထားမှာ ရှိနေပါတယ်။

အာဆင်နယ်ဟာ လာမယ့် တနင်္လာနေ့မှာ မစ်ဒယ်ဘရော့အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/201288

No comments:

Post a Comment