
မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပထမ အကျော့ ပွဲစဉ်မှာ မိုနာကိုက ဒေါ့မွန်ကို အဝေး ကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲစဉ်ဟာ ဒေါ့မွန် အသင်း စီးတဲ့ ကားအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားလို့ ၁ ရက် နောက်ကျ ပြီးမှ ကန်ခဲ့ ရတာ ဖြစ်ပါတယ်။
ပွဲအစ ၁၅ မိနစ် လောက်မှာ ဒေါ့မွန် နောက်တန်း ဖျက်ထုတ်မှု ကနေ မိုနာကို အသင်း ပင်နယ်တီ ရပေမယ့် ဂိုးပေါက် မတည့်လို့ ၁ ဂိုး နစ်နာ သွားရ ပါတယ်။
မိုနာကိုအတွက် ဦးဆောင်ဂိုးကို ဆယ်ကျော်သက် ကစားသမား ကာလီယန် အမ်ဘတ်က သွင်းယူပါတယ်။ မိုနာကိုအတွက် ဒုတိယ ဦးဆောင်ဂိုးကိုတော့ ဒေါ့မွန် နောက်တန်းသမား ဘန်ဒါ ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဒေါ့မွန်အသင်းက ဘောလုံးပိုင်ဆိုင်မှု တဖက်သတ် အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ဒေါ့မွန်အတွက် ချေပဂိုးကို ဒမ်ဘီလီက သွင်းယူပါတယ်။ မိုနာကိုအတွက် တတိယဂိုးကို ဒေါ့မွန် နောက်တန်း အမှားကနေ အမ်ဘတ်က သွင်းယူပြီး အနိုင်ရသွားပါတယ်။
ကွာတားဖိုင်နယ် ဒုတိအကျော့ ပွဲစဉ်မှာ ဒေါ့မွန်ဟာ အဝေးကွင်းမှာ မိုနာကို ၂ ဂိုးနဲ့ အထက် အနိုင်ရမှ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/200991

No comments:
Post a Comment