
အီတလီ စီးရီးအေ ကလပ် ပါလာမို အသင်းက နည်းပြ ဖြစ်သူ ဒီဂို လိုပက်ဇ်ကို ထုတ်ပယ် လိုက်ပါတယ်။
နည်းပြ လိုပက်ဇ်ဟာ ဒီနှစ် ရာသီ ထဲမှာ ၄ ယောက် မြောက် အထုတ်ခံ ရတဲ့ နည်းပြလည်း ဖြစ်ပါတယ်။ ပါလာမို အသင်းက နည်းပြ လိုပက်ဇ်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီ လကုန်ပိုင်း ကမှ ခန့်အပ် ခဲ့တာပါ။
သူကိုင်တွယ်တဲ့ ပွဲစဉ် ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရ ထားပြီး ရလဒ်တွေ မကောင်းလို့ ထုတ်ပယ် လိုက်တာပါ။
နောက်ဆုံးပွဲစဉ်အဖြစ် ပါလာမိုဟာ အေစီမီလန်ကို အဝေးကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားပါတယ်။ လောလောဆယ်မှာတော့ ပါလာမိုဟာ ကစားပြီးတဲ့ ၃၁ ပွဲမှာ ၁၅ မှတ်ပဲ ရသေးပြီး တန်းဆင်းဇုန်ထဲက အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။
ပါလာမိုအသင်းဟာ ၂ နှစ်အတွင်းမှာ နည်းပြပေါင်း ၁၂ ယောက်အထိ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/200978

No comments:
Post a Comment