မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, April 12, 2017

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အက်သလက်တီကို မက်ဒရစ်နှင့် လက်စတာ ယနေ့ည ယှဉ်ပြိုင်မည်




ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပထမ အကျော့ ပွဲစဉ် အဖြစ် စပိန်ကလပ် အက်သလက် တီကို မက်ဒရစ်က အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ အသင်းနဲ့ ဒီနေ့ည ယှဉ်ပြိုင် ရမှာပါ။

အက်သလက် တီကို အသင်းမှာ တိုက်စစ်မှူး ဂါမီရီယို ကတော့ ဒဏ်ရာကြောင့် သီးခြား လေ့ကျင့်နေ ရပြီး ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ မသေချာတဲ့ အနေ ထားမှာ ရှိနေပါတယ်။

တခြားကစားသမားဖြစ်တဲ့ ကွင်းလယ်လူ ဂိုက်တန်နဲ့ သီယာဂို မန်ဒက်စ်တို့က ကစားနိုင်မှာ ဖြစ်ပါတယ်။

တီကိုအသင်းဟာ ဥရောပအဆင့်မှာ ကျင်လည်နေတဲ့အသင်းဖြစ်သလို ကစားသမားတွေကလည်း ပြိုင်ဘက် လက်စတာအသင်းထက် အတွေ့အကြုံပိုင်းမှာ ပိုများပါတယ်။

လက်စတာကတော့ ပရီးမီးယားလိဂ်မှာထက် ချန်ပီယံလိဂ်ကို ပိုအာရုံစိုက်နေပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်မလားဆိုတာကို စောင့်ကြည့်ခံရတဲ့အသင်းလည်း ဖြစ်ပါတယ်။

လောလောဆယ် တီကိုအသင်းမှာ တိုက်စစ်မှူး ဂရစ်ဇ်မန်း ဂိုးတွေသွင်းနေပြီး ခြေစွမ်းပြနေပါတယ်။

ဓာတ်ပုံ - အေအက်ဖ်ပီ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/200861

No comments:

Post a Comment