မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, April 12, 2017

စပိန် လာလီဂါကလပ် ဂရန်နာဒါက နည်းပြ အဖြစ် တိုနီအဒမ်စ်ကို ခန့်အပ်




စပိန် လာလီဂါ ကလပ် ဂရန်နာဒါ အသင်းက အင်္ဂလန် အသင်း ခေါင်းဆောင်ဟောင်း တိုနီ အဒမ်စ်ကို နည်းပြ အဖြစ် ခန့်အပ် လိုက်ပါတယ်။

ဂရန်နာဒါက အသင်း ရလဒ်တွေ မကောင်းလို့ နည်းပြကို ထုတ်ပယ်ပြီး နည်းပြသစ် အဖြစ် တိုနီ အဒမ်စ်ကို ခန့်အပ် လိုက်တာပါ။

လောလောဆယ် ဂရန်နာဒါအသင်းဟာ စပိန်လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၁၉ နေရာမှာ ရှိနေပြီး တန်းဆင်းရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

အသင်းကနေ နည်းပြအဖြစ် အသက် ၅၀ အရွယ် တိုနီ အဒမ်စ်ကို ရာသီမကုန်ခင်အထိ တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။

အသင်းရဲ့ ကြေညာချက်မှာတော့ နည်းပြသစ်အပေါ် ယုံကြည်မှုအပြည့်ရှိတယ်လို့ ပြောဆိုထားပါတယ်။

အာဆင်နယ်ကစားသမားဟောင်း တိုနီ အဒမ်စ်ဟာ နည်းပြအဖြစ် ပို့စ်မောက်အသင်း၊ ဝိုင်ကွန်ဘီနဲ့ အဇာဘိုင်ဂျန်ကလပ် ဂါဘာလာအသင်းတို့မှာ တာဝန်ယူခဲ့ဖူးပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/200817

No comments:

Post a Comment