ဂျာမန် ဘောလုံး ကလပ် ဒေါ့မွန် အသင်း ကစား သမားတွေ စီးနင်းလာတဲ့ ဘတ်စ်ကား အနီး လမ်းဘေးမှာ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်လို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ်ကို ရွှေ့ဆိုင်း လိုက်ရပါတယ်။
ဒေါ့မွန် အသင်းဟာ မိုနာကို အသင်းနဲ့ ချန်ပီယံလိဂ် ကစားဖို့ တည်းခိုနေတဲ့ ဟိုတယ်ကနေ ထွက်ခွာ လာချိန် ကားအနီး ချုံပုတ်ထဲ ကနေ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် ဒေါ့မွန်အသင်း နောက်တန်းက စပိန် ကစားသမား ဘာတရာ ဒဏ်ရာ ရရှိခဲ့လို့ ဆေးရုံကို ပို့ဆောင် ထားရပါတယ်။
ဒီပေါက်ကွဲမှုကြောင့် မိုနာကိုနဲ့ ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်ကို ရွှေ့ဆိုင်း လိုက်ရပါတယ်။
အခုတိုက်ခိုက်မှုဟာ ဘယ်သူ့ လက်ချက်ဖြစ်တယ် ဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးဘူးလို့ ဂျာမန်ရဲတွေက ပြောပါတယ်။
ဒေါ့မွန်နဲ့ မိုနာကို အသင်းတို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို ဒီည ပြန်လည် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/200798

No comments:
Post a Comment