မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 12, 2015

ဂျပန်အိုးပန်း တင်းနစ်ဗိုလ်လုပွဲတွင် ဝေါ်ဝင်ကာ ချန်ပီယံဆု ရယူ



ဂျပန်အိုးပန်း ချန်ပီယံဆုရှင် ဝေါ်ဝင်ကာ။ (ဓာတ်ပုံ - ရိုက်တာ)

ဂျပန်နိုင်ငံ မြို့တော် တိုကျိုမှာ အောက်တိုဘာ ၁၁ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ ဂျပန်အိုးပန်း တင်းနစ် ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဝေါ်ဝင်ကာက ဘန်းနွိုက်ကို ၂ ပွဲပြတ်န နိုင်ပြီး ချန်ပီယံ ဆုကို ရယူသွား ပါတယ်။

အခုပွဲစဉ်ကို မိုးရွာမှာ စိုးရိမ်တဲ့အတွက် ကွင်းခေါင်မိုးကို ပိတ်ပြီး ယှဉ်ပြိုင်ခဲ့ရပါတယ်။

ပွဲစတာနဲ့ ဝေါ်ဝင်ကာပဲ ထိန်းချုပ် ယှဉ်ပြိုင်သွားပြီး ပထမပွဲကို ၆ – ၂ နဲ့ အနိုင်ရသွားပါတယ်။

ဒုတိယပွဲမှာတော့ အသက် ၃၀ အရွယ် ဆွစ်ဇာလန်နိုင်ငံသား ဝေါ်ဝင်ကာဟာ ပြိုင်ဘက် ပြင်သစ်နိုင်ငံသား ဘန်းနွိုက်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်သွားရပါတယ်။

ဝေါ်ဝင်ကာဟာ ဒီနှစ်ထဲမှာ ပြင်သစ်အိုးပန်း ဂရန်းစလန်း ချန်ပီယံဆုကို ရရှိထားပါတယ်။

ဒုတိယပွဲမှာလည်း ၆ – ၄ နဲ့ အနိုင်ယူပြီး ဒီနှစ်အတွက် ၄ ကြိမ်မြောက်ဖြစ်တဲ့ ဂျပန်အိုးပန်း ချန်ပီယံဆုကို ရရှိသွားတာပါ။

အခု ချန်ပီယံဆုဟာ ဝေါ်ဝင်ကာအတွက် ကစားသမား သက်တမ်းအတွင်းမှာ ၁၁ ကြိမ်မြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116154


No comments:

Post a Comment