မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 12, 2015

ထွန်းထွန်းမင်းနှင့် စိုးလင်းဦး ပြည်ပ လက်ဝှေ့သမား များကို အနိုင်ယူ



ထွန်းထွန်းမင်းနှင့် နယူးဇီလန်လက်ဝှေ့သမား ယှဉ်ပြိုင်နေစဉ်

ရန်ကုန်မြို့၌ ကျင်းပခဲ့ သည့် မြန်မာ၊ နယူးဇီလန်နှင့် ထိုင်းနိုင်ငံ တကာ ရိုးရာ လက်ဝှေ့ စိန်ခေါ် ပွဲတွင် မြန်မာ့ လက်ဝှေ့ကျော်များ ဖြစ်သည့် ထွန်းထွန်းမင်းနှင့် စိုး လင်းဦးတို့က ပြိုင်ဘက်ပြည်ပ လက်ဝှေ့ သမားများကို အသီးသီး အနိုင်ရရှိ ခဲ့ကြသည်။

အောက်တိုဘာ ၁၁ ရက်က သိမ်ဖြူ ရိုးရာ လက်ဝှေ့ အားကစား ရုံ၌ ကျင်းပ ခဲ့သည့် အဆိုပါပြိုင်ပွဲ တွင် မျိုးဆက်သစ် သုံးချီ စိန်ခေါ်ပွဲ တစ်ပွဲ အပါအဝင် လေးချီ စိန်ခေါ်ပွဲ ငါးပွဲနှင့် ငါးချီ အဓိက စိန်ခေါ်ပွဲ ငါး ပွဲ ထည့်သွင်း ကျင်းပ ခဲ့ခြင်းဖြစ် သည်။ ငါးချီ အထူး စိန်ခေါ်ပွဲများ တွင် အဓိက တွဲဆိုင်းများ အဖြစ် စိုးလင်းဦး (မြန်မာ)နှင့် နီဝီဆိုရမ် (ထိုင်း)၊ ထွန်းထွန်းမင်း (မြန်မာ) နှင့် ဒယ်နီရယ်(နယူးဇီလန်) တို့ ယှဉ်ပြိုင် ထိုးသတ် ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့ကျော်များ က ပြိုင်ဘက်များကို အနိုင်ရ ရှိခဲ့ ခြင်းဖြစ်သည်။

စိုးလင်းဦးသည် မိမိထက် အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ် ထည် အနည်းငယ်သာနေသည့် ထိုင်းလက်ဝှေ့သမားကို ပွဲစတင် သည်နှင့် တရစပ် ဖိအားပေးထိုး သတ်မှုကြောင့် နီဝီဆိုရမ်မှာ ခံစစ် ဖြင့်သာ ယှဉ်ပြိုင်နေခဲ့ရသည်။

နီဝီဆိုရမ်သည် ပထမအချီ ၂ မိနစ်၊ ၂၆ စက္ကန့်တွင် စိုးလင်းဦး၏ ခေါင်းတိုက်ချက် အရှိုက်မိခဲ့ပြီး အနားတောင်းခဲ့ရသည်။ ယင်းအပြင် စိုးလင်းဦးက ၎င်းအား ခေါင်းဖြင့်တိုက်သည်ဟုဆိုကာ နီဝီဆိုရမ်က ကြိုးဝိုင်းဒိုင်လူကြီးကို စောဒကတက်ခဲ့သည်။ ထို့နောက် ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ပထမအချီ ၂ မိနစ် စက္ကန့် ၅၀ အရောက်တွင် စိုးလင်းဦး၏ ညာခြေကန်ချက်ကြောင့် ထိုင်းလက်ဝှေ့သမား လဲကျသွားခဲ့သည်။ ယင်းနောက် အမှတ်စဉ် ရေတွက်ခံခဲ့ရပြီး ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ ၍ နီဝီဆိုရမ် အရှုံးပေးခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်ချန်ပီယံ ထွန်း ထွန်းမင်းနှင့် နယူးဇီလန်လက်ဝှေ့ သမား ဒယ်နီရယ်တို့ ယှဉ်ပြိုင် သည့်ပွဲတွင် ဒုတိယအချီ၌ ဒယ်နီရယ်သည် နှစ်ကြိမ်တိုင်တိုင် ပြိုင် ပွဲကြိုးဝိုင်းကို အားပြုကာ ထွန်းထွန်းမင်းကို ပြန်လည်တိုက်ခိုက်ခဲ့ သည်။

ယင်းအတွက် တာဝန်ကျ ကြိုးဝိုင်းဒိုင်လူကြီးက ထိုသို့မပြု လုပ်ရန် သတိပေးခဲ့ရသည်။ ထို့ နောက် ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ထွန်းထွန်းမင်း၏ ညာလက်သီး ကြောင့် ဒယ်နီရယ် ဘယ်မျက်ခုံး ကွဲသွားခဲ့၍ ဆက်လက်ယှဉ်ပြိုင် ရန် မဖြစ်နိုင်တော့သည့်အတွက် ထွန်းထွန်းမင်း အနိုင်ရရှိခဲ့သည်။

ရဲသွေးနီနှင့် တိမ်တိုက်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ငါးချီ စိန်ခေါ်ပွဲသည် ပရိသတ်အကြိုက် ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ငါးချီမြောက်အထိ အပြန်အလှန် ထိုးသတ်ယှဉ် ပြိုင်ခဲ့ကြရင်း ငါးချီမြောက် ၁ မိနစ်၊ စက္ကန့် ၄၀ တွင် ရဲသွေးနီက အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

အခြားတွဲဆိုင်းရှစ်ခုတွင် သရေငါးပွဲနှင့် အရှုံး၊ အနိုင်သုံးပွဲ ရလဒ်ထွက်ပေါ်ခဲ့သည်။

By - ဘိုဘိုမင်း

Original link - http://www.7daydaily.com/story/48421


No comments:

Post a Comment