မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 12, 2015

အင်္ဂလန်အသင်းက လစ်သူနီးယား အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)




ယူရို ၂၀၁၆ ခြေစစ် ပွဲစဉ်မှာ အင်္ဂလန်က လစ်သူနီးယား အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့ ပါတယ်။

ဒီအနိုင်ကြောင့် အင်္ဂလန်က ခြေစစ်ပွဲ ၁၀ ပွဲကစား ၁၀ပွဲနိုင်နဲ့ ပြင်သစ်မှာ ကျင်းပမယ့် ယူရို ပြိုင်ပွဲမှာ ပါဝင် ကစားနိုင်မှာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးကို ရိုစ်ဘာကလေက ပထမပိုင်း ၂၉ မိနစ်မှာ သွားယူခဲ့ပါတယ်။

ဒီနောက် ၃၅ မိနစ်မှာ လစ်သူနီးယားကစားသမားက ကိုယ့်ကိုယ်ဂိုးသွင်းမိတဲ့ အတွက် ၂ ဂိုး ဂိုးမရှိနဲ့ ပထမပိုင်းမှာ ဦးဆောင်ထားနိုင်ပါတယ်။
ဒုတိယပိုင်းမှာ ၆၂ မိနစ်မှာတော့ ချိန်ဘာလိုင် သွင်းယူတဲ့ ဂိုးနဲ့ အင်္ဂလန်အသင်းက ၃ ဂိုး ဂိုးမရှိအနိုင်ရရှိသွားတာဖြစ်ပါတယ်။

ဒီအနိုင်ကြောင့် အင်္ဂလန်အသင်းဟာ ၁၀၀ ရာခိုင်နှုန်း ရာနှုန်းပြည့်အနိုင်နဲ့ ယူရို ခြေစစ်ပွဲအောင်သွားတဲ့ ၆ သင်းမြောက် အသင်းတသင်း ဖြစ်လာပါတယ်။

အသင်းမန်နေဂျာ ရိုင်ဟတ်ဆန်ကတော့ ကစားသမားတွေရဲ့ ကစားပုံကို ဂုဏ်ယူသလို ၁၀ ပွဲကစား ၁၀ပွဲနိုင် ရလဒ်က ကျေနပ်စရာကောင်းတယ်လို့ ပြောပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116235


No comments:

Post a Comment