
ချယ်လ်ဆီး အသင်းကို မနှစ်က ပရီးမီးယားလိဂ် ဗိုလ်စွဲစေဖို့ အဓိက အပိုင်း ကနေ အထောက် အကူ ပြုခဲ့တဲ့ Hazard ဟာ ကစားသမား ဘဝမှာ အခက်ခဲဆုံး အချိန်တွေ ကို ဖြတ်ကျော်နေ ရတယ်လို့ ပြောလိုက် တာပါ။ သူဟာ ချယ်လ်ဆီး အသင်းနဲ့ ရာသီအစ ဆယ်ပွဲလုံးမှာ ဂိုးမသွင်းနိုင် ခဲ့တာကြောင့် ဖိအားတွေ ဝေဖန် မှုတွေနဲ့ ရင်ဆိုင်နေ ရတာပါ။
ဒါပေမယ့် ဒီအသက် ၂၄ နှစ် အရွယ် ကစားသမား ကတော့ အကောင်းဆုံး ခြေစွမ်းကို ပြန်လည် ရရှိနိုင်အောင် ကြိုးစား သွားမယ်လို့ ဆိုထား ပါတယ်။
သူဟာ Mirror နဲ့ တွေ့ဆုံအင်တာဗျူးမှာ " ကျွန်တော်ဟာ ကစားသမားဘဝတစ်လျှောက်မှာ အခက်ခဲဆုံးအချိန်ကို ရင်ဆိုင်နေရတယ်လေ။ ကျွန်တော့် ခြေစွမ်းတွေ ဘာကြောင့် ကျဆင်းနေရတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် နားမလည်နိုင်ဖြစ်နေတယ်။
ဒါပေမယ့် အကောင်းဆုံးခြေစွမ်းကို ရဖို့ ပြန်ကြိုးစားနေပါပြီ။ အာဆင်နယ်ကို နိုင်တဲ့ပွဲမှာ ကျွန်တော်တို့ အသင်းပြန်လာပြီလို့ ထင်ခဲ့တာ ဒါပေမယ့် ရလဒ်တွေကပြန်ပြီး ကျဆင်းသွားတယ် " လို့ ပြောသွားခဲ့ပါတယ်။
နည်းပြ Mourinho နဲ့ ပတ်သက်ပြီး Hazard က " သူက အကောင်းဆုံး နည်းပြတစ်ယောက် ပဲလေ။ ဖိအားတွေနဲ့ ရင်ဆိုင် ရတာကို ရင့်ကျက်နေ ပြီးသား နည်းပြ တစ်ယောက်ပဲလေ။
အသင်းကို အကောင်းဆုံးအနေအထားမှာ ပြန်ပြီးထိန်းမတ်ပေးနိုင်ပါလိမ့်မယ်။ ဒီလို ရလဒ်ဆိုးတွေက အသင်းကို ပိုရင့်ကျက်အောင် သင်ပြပေးနေတာပါ " လို့ ပြောပါတယ်။
ဒါကြောင့် ကစားသမားတွေရော အသင်းလိုက်ရော ရလဒ်တွေ ကျဆင်းနေတဲ့ ချယ်လ်ဆီးအသင်း Hazard ပြောခဲ့သလိုပဲ အကောင်းဆုံးတွေနဲ့ ပြန်ရောက်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။
Original link - http://sports.thithtoolwin.com/2015/10/hazard.html





No comments:
Post a Comment