မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 12, 2015

အားလပ်ရက်မှာ ဟဲဗီးဝိတ် ချန်ပီယံ တစ်ယောက်ရဲ့ ချစ်သူဖြစ်ခဲ့ ရတဲ့ Ronaldo




ရီးရဲလ် မက်ဒရစ်တောင်ပံ ကစားသမား C.Ronaldo ဟာ ဒိန်းမတ် အသင်းကို ပေါ်တူဂီ အသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ခဲ့တဲ့ ပွဲစဉ် အပြီး အားလပ်ရက်မှာ မော်ရိုကိုနိုင်ငံမှာ သွားရောက် အနားယူ ခဲ့တာပါ။

ဒီ ဟဲဗီးဝိတ် လက်ဝှေ့သမား Badr Hari နဲ့ Ronaldo တို့ဟာ အလွန် ရင်းနှီးတဲ့ သူငယ်ချင်း တွေဖြစ်ပြီး မော်ရိုကိုနိုင်ငံက ရေကူးကန် တစ်ခုမှာ အတူ အပန်းဖြေ ခဲ့ကြတာပါ။

အဲ့လို အပန်းဖြေနေတဲ့ ဓာတ်ပုံတွေကို Hari ကဝေမျှ ခဲ့ပြီး Ronaldo ကို ပွေ့ချီ ထားတဲ့ ပုံအောက်မှာ " ဟားဟား ကြင်စဦး ဇနီးမောင်နှံလေးပေါ့ " လို့ ရေးသား ထားတာပါ။ Ronaldo ကတော့ ပေါ်တူဂီ အသင်းဟာ ယူရိုပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် သေချာ သွားပြီ ဖြစ်လို့ စိတ်ချလက်ချ အနားယူ နေတာပါ။

Ronaldo ဟာ သူငယ်ချင်း တွေနဲ့ အတူ ပင်လယ်စာ တွေကို ပျော်ပျော် ပါးပါး စားသောက်ရင်း အနားယူနေ ခဲ့တာပါ။ ညဘက် မှာတော့ Dinner တစ်ခုကို ပျော်ပျော် ပါးပါး ဆင်နွှဲ ခဲ့ကြတယ်လို့ သိရပါတယ်။ ကမ္ဘာကျော် စူပါစတားဟာ အရင်ကတော့ ဒီလို အချိန်တွေမှာ ချစ်သူဖြစ်သူ အိုင်ရီနာရှက်ခ်နဲ့ အတူ အနားယူ ခဲ့ပေမယ့် အခုလောလောဆယ် မှာတော့ သူငယ်ချင်း တွေနဲ့ပဲ နှစ်ပါးသွားနေ ရပါတယ်။



သူဟာ FIFA Balloon D'Or ဆုကို တတိယ အကြိမ်မြောက် ရရှိဖို့ ရေပန်း စားနေပြီး သူ့ရဲ့ ယခုနှစ် ရာသီအစ ခြေစွမ်းတွေ ကလည်း အားရ စရာကောင်းနေ ခဲ့ပါတယ်။ ဒါကြောင့် Ronaldo အတွက်တော့ ယခုလက်ရှိ ကာလတွေဟာ ပျော်စရာ ကာလတွေနဲ့ ပြည့်နေခဲ့ပြီး

သူ့ရဲ့ ကိုယ်ပိုင်ရေမွှေး မှတ်တမ်း ရုပ်ရှင်တွေကြောင့်လည်း လူပြော များလျက် ရှိနေပါတယ်။

Original link - http://sports.thithtoolwin.com/2015/10/ronaldo.html


No comments:

Post a Comment