![]() |
အင်္ဂလန် ပထမတန်း ချန်ပီယံရှစ် ကလပ် အသင်း တွေက ပရီးမီးယားလိဂ်ကို တန်းတက်ရင် ပေါင် သန်း ၁၇၀ ရရှိမှာ ဖြစ်ပါတယ်။
မေ ၇ ရက်မှာ မစ်ဒယ် ဘရော့နဲ့ ဘရိုက်တန်တို့ ကစားဖို့ ရှိနေပြီး အနိုင်ရတဲ့ သူကတော့ အခုလို ခံစားခွင့် ရမှာလို့ ငွေကြေးနဲ့ ပတ်သက်ပြီး ဆန်းစစ် လေ့လာတဲ့ ဒဲလ်လွိုက် အဖွဲ့က ပြောပါတယ်။
ပထမရာသီမှာ တန်းမဆင်းရရင်တော့ ပေါင် သန်း ၂၉၀ အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကို တန်းတက်တဲ့ ကလပ်တွေကို ဗျူဟာကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်အောင် အရင်းအမြစ်တွေ ထောက်ပံ့တာဖြစ်တယ်လို့လည်း ဒဲလ်လွိုက်အဖွဲ့ မန်နေဂျာ ရစ်ချက် ဘတ်တဲလ်က ပြောပါတယ်။
မေ ၂ ရက်က ကျူပီအာကို အနိုင်ရသွားတဲ့ ဘန်လေကတော့ တန်းတက်သွားပြီ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/148525







No comments:
Post a Comment