မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 6, 2016

ဆံပင်ဆွဲသည့် ရောဘတ်ဟုခ်ျနှင့် တံထောင်ဖြင့် တွတ်သည့် ဖယ်လိုင်နီတို့ သုံးပွဲစီ ပယ်ခံရ




မေ ၆၊ အင်္ဂလန်

၁-၁ ဂိုးဖြင့် သရေကျ ခဲ့သည့် မန်ယူနှင့် လက်စတာ တို့၏ ပွဲစဉ်တွင် ဖြစ်ပွား ခဲ့သော ဖြစ်ရပ်ကြောင့် မန်ယူ ကွင်းလယ်လူ ဖယ်လိုင်နီနှင့် လက်စတာ aနာက်ခံလူ ရောဘတ်ဟုခ်ျ တို့ကို စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက သုံးပွဲပယ် ပြစ်ဒဏ်များ ချမှတ် လိုက်ပြီ ဖြစ်သည်။

ထိုပွဲစဉ်တွင် ရောဘတ်ဟုခ်ျသည် ဖယ်လိုင်နီ၏ ဆံပင်ကို ဆွဲခဲ့ပြီး ဖယ်လိုင်နီကလည်း ဟုခ်ျကို တံတောင်ဖြင့် ပြန်တွတ်ခဲ့ခြင်း ဖြစ်သည်။

ထိုပွဲပယ်ပြစ်ဒဏ်ကြောင့် ဖယ်လိုင်နီသည် မန်ယူအသင်း၏ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲစလုံးကို လွဲချော်ရတော့မည် ဖြစ်သော်လည်း မေလ ၂၁ ရက်နေ့တွင် ၀င်ဘလေကွင်း၌ ခရစ္စတယ်ပဲလေ့စ်နှင့် ကစားမည့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင်တော့ ပါဝင်နိုင်မည် ဖြစ်သည်။

ရောဘတ်ဟုခ်ျမှာမူ လက်စတာ၏ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲနှင့် လာမည့် ရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲကို လွဲချော်မည် ဖြစ်သည်။

ကစားသမားနှစ်ဦးစလုံးက ယခုပြစ်ဒဏ်ကို လက်ခံကြသော်လည်း ဟုခ်ျက သုံးပွဲပယ်ခြင်းမှာ အနည်းငယ်များလွန်းသည်ဟု စောဒက တက်ခဲ့သည်။ ၎င်း၏ စောဒကတက်မှုကို အက်ဖ်အေ၏ လွတ်လပ်သောစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သဘောမတူညီခဲ့ပေ။

ဖယ်လိုင်နီနှင့် ဟုခ်ျတို့၏ ဖြစ်ရပ်ကို ကွင်းလယ်ဒိုင်လူကြီးက တွေ့ရှိခဲ့ခြင်း မရှိသောကြောင့် ပွဲအတွင်း အရေးမယူခဲ့သော်လည်း ရုပ်သံအနှေးပြကွက်များပြန်ကြည့်ပြီး အရေးယူခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

မဇ္ဈိမသတင်း by- အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/13895

No comments:

Post a Comment