![]() |
အင်္ဂလန်ပရိသတ်အချို့။ (ဓာတ်ပုံ - ရိုက်တာ) |
ယူရို ၂၀၁၆ ရှုံးထွက် အဆင့်မှာ အင်္ဂလန် အသင်းနဲ့ အိုက်စလန် အသင်းတို့ရဲ့ ပွဲရလဒ် အပေါ် နှစ်ဘက် ပရိသတ်တွေ မယုံနိုင်အောင် ဖြစ်နေ ကြပါတယ်။
ဇွန် ၂၇ ရက်က ပွဲမှာ အိုက်စလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားတဲ့ အတွက် အင်္ဂလန် အသင်း ပရိသတ်တွေ အကြီးအကျယ် စိတ်ပျက်နေ ကြပါတယ်။
တချို့ အင်္ဂလန် ပရိသတ်တွေက အိုက်စလန်ကို ရှုံးတာ ရှက်စရာ ကောင်းတယ်လို့ ပြောကြပါတယ်။
အိုက်စလန်အသင်းအတွက်ကတော့ မျှော်လင့်မထားတဲ့ သမိုင်းဝင်အောင်ပွဲ ဖြစ်သွားပါတယ်။
အိုက်စလန်အသင်းဟာ ကွာတားအဆင့်မှာ အိမ်ရှင် ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/156720

No comments:
Post a Comment