
စပိန် လာလီဂါ ဒုတိယ ပွဲစဉ်မှာတော့ ရီးရဲလ် မက်ဒရစ်က ဆဲလ်တာ ဗီဂိုကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိ သွားပါတယ်။
ပထမပိုင်း မှာတော့ ဂိုးမရှိ သရေကျ နေပေမယ့် ဒုတိယပိုင်း မိနစ် ၆၀ မှာ ရီးရဲလ်က မိုရက်တာက အဖွင့်ဂိုး စတင် သွင်းယူ ပါတယ်။
ဒါပေမယ့်လည်း ဆဲလ်တာဗီဂိုက ၆၇ မိနစ်မှာ အော်ရီလန်နာ ဗလန်ဇူနာက ချေပဂိုးပြန်သွင်းလို့ ၁ ဂိုးစီသရေကျ ခဲ့ပါတယ်။
ဒီနောက် ပွဲချိန် ၈၁ မိနစ်မှာ ရီးရဲလ်က ခရုစ်က အနိုင်ဂိုးကို သွင်းယူသွားလို့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိ သွားပါတယ်။
ရီးရဲလ်အသင်းရဲ့ အဓိကကစားသမားတွေ ဖြစ်တဲ့ ရော်နယ်ဒို၊ ဘန်ဇီးမားတို့ ကတော့ ဒီပွဲမှာ ပါဝင် ကစားခဲ့ခြင်း မရှိပါဘူး။
ဒီပွဲအနိုင်ကြောင့် ရီးရလ်က ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၁ နေရာမှာ ရပ်တည်နေသလို ဆဲလ်တာဗီဂိုကတော့ ၂ ပွဲကစား ၂ ပွဲရှုံးနဲ့ အမှတ်ပေးဇယားမှာ နံပါတ် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/165856

No comments:
Post a Comment