
ကိုပါ အမေရိကား ဖလား ဘောလုံး ပြိုင်ပွဲဝင် ဘရာဇီး အသင်းမှာ အဓိက ကျတဲ့ တိုက်စစ်မှူး နေမာ ပါဝင် ကစားနိုင်မှာ မဟုတ်တော့ ဘူးလို့ သတင်းတွေမှာ ဖော်ပြ ထားပါတယ်။
ဘရာဇီး အသင်းမှာ တိုက်စစ်မှူး နေမာ အပြင် နာမည်ကြီးတွေ ဖြစ်တဲ့ ရာဖင်ဟာနဲ့ ကာကာ တို့လည်း ပါဝင်နိုင်မှာ မဟုတ် ပါဘူး။
ဘာစီလိုနာ တိုက်စစ်မှူး နေမာဟာ လာမယ့် သြဂုတ်လ စတင်မယ့် အိုလံပစ် ပြိုင်ပွဲမှာ ဘရာဇီး အတွက် ကိုယ်စားပြု ကစားပေးမှာ ဖြစ်လို့ ကိုပါပြိုင်ပွဲမှာ ၀င်ရောက် မကစားတာ ဖြစ်ပါတယ်။
ကိုပါပြိုင်ပွဲကို အမေရိကန်က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပပြီး လက်ရှိ ချန်ပီယံ ချီလီ၊ အာဂျင်တီးနား အပါ အ၀င် ၁၆ သင်း ဒီကနေမှာ စတင်ပြီး ယှဉ်ပြိုင်နေ ပါတယ်။
ကမ္ဘာဖလား ၅ ကြိမ် ရဖူး ထားတဲ့ ဘရာဇီးဟာ ကိုပါပြိုင်ပွဲမှာ ၂၀၀၇ နောက်ပိုင်း ချန်ပီယံဆုကို ရယူနိုင်ခြင်း မရှိသေး ပါဘူး။
by DVB
Originally published at - http://burmese.dvb.no/archives/153183





No comments:
Post a Comment