မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 4, 2016

ကမ်းခြေမှာ ဘီကီနီဝတ် ပျိုဖြုများနှင့် ပျော်မြူးနေသည့် ရော်နယ်ဒို




ကမ္ဘာ့ ဘောလုံး အားကစားရဲ့ ကြယ်ပွင့် ခရစ္စတီရာနို ရော်နယ်ဒိုဟာ ဇွန် ၃ ရက်နေ့က စပိန်နိုင်ငံ၊ မယ်ဒီတာ ရေးနီးယန်း ပင်လယ်၊ အိုက်ဘစ်ဇာမြို့ ကမ်းခြေမှာ ဘီကီနီဝတ် ပျိုဖြု တသိုက်နဲ့ အတူ ရှိနေခဲ့ တယ်လို့ ဒေးလီးမေးလ် သတင်း တပုဒ်မှာ ဖော်ပြ ပါတယ်။



အသက် ၃၁ နှစ် ရှိနေပြီ ဖြစ်တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီ ယူရို ၂၀၁၆ ဘောလုံးပွဲ မတိုင်ခင်မှာ ကမ်းခြေမှာ နေပူဆာ လှုံနေ ခဲ့တာပါ။

သူဟာ အစင်းတွေပါတဲ့ ရေကူးဘောင်းဘီတို တထည်သာ ၀တ်ထား ခဲ့တာဖြစ်ပြီး ကျစ်လစ်တဲ့ ကိုယ်ခန္ဒာ အလှကို ဖော်လှစ် ထားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုကို ၃ ကြိမ် တိုင်တိုင် ရရှိ ထားခဲ့သူ တဦးဖြစ်ပြီး အဲဒီနေ့မှာတော့ တခြား အမျိုးသား အဖော်တွေနဲ့ ကမ်းခြေမှာ အတူ ရှိနေချိန် ဘစ်ကီနီဝတ် အမျိုးသမီး တသိုက်နဲ့အတူ အပန်းဖြေ ခဲ့ကြတာလို့ ဆိုပါတယ်။



သူဟာ ဘောလုံးကစားချိန်မှာ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်နိုင်တဲ့ ကစား သမားတဦးဖြစ်ပေမယ့် ရေထဲကိုတော့ အလွယ်တကူမဆင်းတတ်ပုံပါပဲ။

ရော်နယ်ဒိုဟာ အမျိုးသမီးဖော်တယောက်ရဲ့ လက်ကို ချိတ်တွဲပြီးမှ ညင်ညင်သာ သာဆင်းခဲ့ချိန်မှာ အမျိုးသမီးဟာ သူ့ကို နှစ်သက်တဲ့ အကြည့်နဲ့ ငေးနေခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

သူတို့အုပ်စုဟာ ရေထဲဆင်းကာ ရေကူးခဲ့ပြီး ကမ်းခြေမှာ နေစာလှုံပြီး အပန်းဖြေခဲ့ ကြတာကို တွေ့ရပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ ကျောနံပါတ် ၇ ကစားသမား ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာ သီမှာ ပွဲစုစုပေါင်း ၄၈ ပွဲကစားခဲ့ပြီး ၅၁ ဂိုးသွင်းယူထားခဲ့တာပါ။

အခုလာမယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာတော့ ဂေါ်တူဂီအသင်းကိုယ်စားပြု ကစားမှာဖြစ်ပြီး သူတို့အသင်းဟာ အိုက်စ်လန်၊ သြစတီးယား၊ ဟန်ဂေရီအသင်းတွေနဲ့ အုပ်စုတခုတည်းမှာ ကစားရမှာပါ။

by DVB

Originally published at - http://burmese.dvb.no/archives/153110

No comments:

Post a Comment