မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 4, 2016

လက်စတာ တိုက်စစ်မှူး ဗာဒီကို ခေါ်ယူရန် အာဆင်နယ် ကြိုးပမ်း


Football - Leicester City v Manchester United - Barclays Premier League - King Power Stadium - 28/11/15 Jamie Vardy celebrates scoring the first goal for Leicester City and breaking a record after scoring in eleven consecutive Premier League games Action Images via Reuters / John Sibley Livepic

အာဆင်နယ် အသင်းက တိုက်စစ်မှူး ဂျာမီ ဗာဒီကို လက်စတာ အသင်းကနေ ခေါ်ယူဖို့ ကြိုးစား နေပါတယ်။

ဗြိတိသျှ မီဒီယာတွေ မှာတော့ အာဆင်နယ်က အသက် ၂၉ နှစ် အရွယ် တိုက်စစ်မှူး ဗာဒီကို ပေါင်သန်း ၂၀ ပေးပြီး ခေါ်ယူဖို့ လုပ်နေတယ် ဆိုပြီး ခန့်မှန်း ထားပါတယ်။

အင်္ဂလန် တိုက်စစ်မှူး ဗာဒီဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီမှာ လက်စတာ အတွက် ၂၄ ဂိုး သွင်းပေး ထားပါတယ်။

သူဟာ လောလောဆယ်မှာ အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဝင်ဖို့ လေ့ကျင့် ပြင်ဆင်နေပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံ လက်စတာရဲ့နောက် ၁၀ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/153085

No comments:

Post a Comment